အသက် ၇၁ နှစ်အရွယ် ဇနီးကို စိတ်မချ လို့ အိမ်ထဲ အိမ်အပြင် မထွက်ဘဲ ပုန်းခိုင်းတဲ့ ၁၆ နှစ်အရွယ် ခင်ပွန်း (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အသက် ၇၁ နှစ်အရွယ် ဇနီးကို စိတ်မချ လို့ အိမ်ထဲ အိမ်အပြင် မထွက်ဘဲ ပုန်းခိုင်းတဲ့ ၁၆ နှစ်အရွယ် ခင်ပွန်း

ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမားတြားပြည် နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် သတို့ သားနဲ့ ၇၁ နှစ်အရွယ် သတို့သမီးတို့ရဲ့ မင်္ဂလာပွဲက လူမှုကွန်ယက်မှာ ပျံနှံလာခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် Selamat Riayadi နဲ့ သူရဲ့ ဇနီး Rohaya တို့က အချင်းချင်း ချစ်ကျွမ်းဝင်ပြီးနောက် ဆွေမျိုး သားချင်းတွေက သဘောမတူခဲ့ကြပါဘူး။

အဓိကကတော့ Selamat နဲ့ Rohaya တို့ ရဲ့ အသက်ကွာခြားမှုကြောင့် ဆွေမျိုးတွေက သဘောမကျ ကြတာပါ။

သို့ပေမယ့် နှစ်ဦးစလုံးက သူတို့ ချစ်ခြင်းကို အရှင် အတိုင်းတော့ ခွဲလို့မရဘူး။ အသေအတိုင်းသာ ခွဲလို့ရမယ်လို့ ခြိမ်းခြောက်ခဲ့ကြလို့ နောက်ဆုံး ဆွေ မျိုးတွေက မင်္ဂလာပွဲ စီစဉ်ပေးခဲ့ပါတယ်။

ဒီမှာတင် သူတို့သတင်းက လူစိတ်ဝင်စားမှု ရပ်တန့်သွားတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဇာတ် လမ်းက မပြီးသေးပါဘူး။

အကြင် လင်မယား နှစ်ယောက်က ညားပြီးက တည်းက အိမ်ထဲက အိမ်ပြင် သိပ်ထွက်လေ့ မရှိတော့ဘဲ ကျေးရွာ ဘာသာရေးဆိုင်ရာ လူကြီးတွေက ဗလီ လာမတက်လို့ စာပို့ သတိပေးရသည်အထိ ဖြစ်ခဲ့ပါတယ်။

ညားကာစ တစ်လလောက်မို့ ဒီလို အိမ်တွင်းအောင်းတာလို့ တစ်ချို့က ယူဆခဲ့ပေမယ့်လည်း နှစ်လ သုံးလ တန်သည်အထိ သူတို့က ဒီပုံစံပါဘဲ။

တစ်ခါတလေ Selamat က မဖြစ်မနေ ကိစ္စရပ်ပေါ် လာလို့ ရှားတောင့်ရှားခဲ အပြင်ကို ထွက်ရတဲ့ အခါမျိုးမှာ အိမ်ကို သော့တွေနဲ့ သေချာ ကျကျနနပိတ်ပြီး ဇနီးဖြစ်သူ Rohaya ကို အိမ်ထဲမှာ တစ်ဦးတည်း ထားရစ်ခဲ့တာကို ပတ်ဝန်းကျင်က သတိထားမိခဲ့ကြပါတယ်။

ဒါနဲ့ နီးစပ်ရာက Selamat ကို ဘာလို့ အပြင်သွားတိုင်း အိမ်ပေါက်စေ့ သော့တွေ လိုက်ခတ်ရတာလဲကွာလို့ ချော့မော့ မေးမြန်းတော့ Selamat က ကျုပ်မိန်းမကို တစ်ခြားယောက်ျားက ကြောင်တောင် ဝင်နှိုက်မှာစိုးလို့ပေါ့ဗျ ဆိုပြီး ခပ်ဆက်ဆက် ဖြေပါတယ်။

ဒီတော့မှ ရွာသားတွေလည်း Selamat ရဲ့ အဖြစ် သည်း ပုံကို ရယ်ရအခက် ငိုရအခက် ဖြစ်စေခဲ့ပါတယ်။

Selamat နဲ့ Rohaya တို့ ဇနီးမောင်နှံမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲလည်း မရှိဘူးလို့ သိရပါတယ်။ သူတို့ရွာမှာတော့ သူတို့က အချမ်းသာကြီး မဟုတ်တောင် စားနိုင် သောက်နိုင်တဲ့ အထဲမှာ ပါပါတယ်။

ခုလက်ရှိ အချိန်ထိတော့ Rohaya က အသက် မည်မျှပင်ကြီးစေကာမူ နှစ်ယောက်သား ရင်သွေးရဖို့ စိတ် ကူးယဉ်နေကြတယ်လို့ ဆိုပါတယ်။

ပရိတ်သတ်တွေလည်း သူတို့လင်မယား နှစ်ယောက်အပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *