အသက် (၂) နှစ်အရွယ်သမီးလေးကို ခေါက်ဆွဲဖိုးမလောက်တော့လို့ စားသောက် ဆိုင်မှာ ချန်ရစ်ထားခဲ့တဲ့ ဖခင်တစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အသက် (၂) နှစ်အရွယ်သမီးလေးကို ခေါက်ဆွဲဖိုးမလောက်တော့လို့ စားသောက် ဆိုင်မှာ ချန်ရစ်ထားခဲ့တဲ့ ဖခင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ လူအချို့က စားသောက်ဆိုင် တစ်ဆိုင်မှာ အစားစားပြီး ဘေရှင်းဖို့ ငွေမလောက်တဲ့အခါ ဆိုင်နောက်သွားပြီး ကိုယ်စားခဲ့တာနဲ့တန်အောင် ပန်းကန်တွေ ထိုင်ဆေးတတ်ကြတာကို တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။

သို့ပေမဲ့ တရုတ်နိုင်ငံ (Guangdong) ပြည်နယ် (Foshan) မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ အမျိုးသားတစ်ဦးက သူ့ရဲ့ (၂) နှစ်အရွယ် သမီးနှင့်အတူ ခေါက်ဆွဲတစ်ပွဲမှာယူပြီး စားသောက်ခဲ့ကြပါတယ်။

၎င်း အမျိုးသားက (၆) ယွမ်ကျတဲ့ ခေါက်ဆွဲတစ်ပွဲကို ငွေရှင်းရန် သူ့မှာ (၁) ယွမ်သာရှိတာကို သိလိုက်တဲ့အခါ ဒီအခြေအနေကို ကိုင် တွယ်ရန် ပိုပြီးလက်တွေ့ကျတဲ့ နည်းလမ်းကိုစဉ်းစားမိနိုင်ပေမဲ့လည်း စားသောက်ဆိုင်မှာ သူ့ကလေးကိုထားခဲ့ခြင်းကကောင်းတဲ့ အ ကြံဖြစ်တယ်လို့ သုံးသပ်လာခဲ့ပါတယ်။ ငါသူ့ကိုဒီမှာ ခဏထားခဲ့မယ်။ ငါပိုက်ဆံပြန် ယူပြီး သူ့ကိုပြန်လာခေါ်မယ်လို့ ၎င်း အမျိုးသားက ငွေရှင်းကောင် တာရှိ ဝန်ထမ်းတစ်ဦးအား ပြောခဲ့ပါတယ်။

ကလေးမလေးကလည်း ဖခင်ဖြစ်သူက ၎င်း အဆောက်အအုံမှ ထွက်သွားတာနှင့် တစ် ပြိုင်နက် လိုက်ပြေးရင်း ငိုနေခဲ့ရပါတယ်။ ထို့နောက် ဆိုင်ပိုင်ရှင်က ကလေးမလေးကို မီးဖိုချောင်ထဲမှာ ထိုင်စေပြီး ပဲနို့ပုလင်းတစ်ခွက် ပေးလိုက်ပါတယ်။ ဆိုင်ပိုင်ရှင်က က လေးမလေးအား တစ်ကယ်ကြီး ထားရစ်ခဲ့ပြီလို့ထင်ကာ အပြင်ထွက်သွားတဲ့ ၎င်း အ မျိုးသားရဲ့တည်နေရာကိုလိုက်ရှာရန် ရဲစခန်းကို ဖုန်းဆက်လာခဲ့ပါတယ်။

ထို့ နောက် ၎င်း အမျိုးသားက နာရီပေါင်းများစွာအကြာမှာ စားသောက်ဆိုင်သို့ပြန်ရောက်ရှိလာပြီး ၎င်း နေရာမှာ သူ့သမီးကိုမတွေ့တော့တဲ့အခါ တုန်လှုပ်သွားခဲ့ပြီး ဆိုင်ရှင်က ရဲခေါ်ထားမှန်း သိလိုက်ရတော့ သူက အရမ်း ဒေါသထွက်သွား ခဲ့ရပါတယ်။

ဒီလူက သူ့သမီးကို စွန့်ခွာပြီး ပိုက်ဆံပြန်ယူဖို့ပဲ ကြိုးစားခဲ့တာပါ။ ပြီးတော့ ဆိုင်အလာလမ်းမှာ သူ့ရဲ့လျှပ်စစ်ဆိုင်ကယ်က ဘက် ထရီအားကုန်သွားလို့ ဘက်ထရီအားသွင်းဖို့ စောင့်နေရတာကြောင့် စားသောက်ဆိုင်ကို ပြန်လာဖို့ အချိန်တော်တော်လေးကြာသွားခဲ့တာပါလို့ Shunde ခရိုင်ရှိ Huang Zhenyu အမည်ရှိတဲ့ ရဲအရာရှိက ပြောပြလာခဲ့ပါတယ်။

အစီရင်ခံစာအရ မိသားစုအမည် Ding လို့ခေါ်တဲ့ ၎င်း အမျိုးသားက ရဲထံမှ ခက်ထန်တဲ့ ဆုံးမမှုများကို လက်ခံရရှိခဲ့ပြီးနောက် သူ့ရဲ့ လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း ထုတ်ဖော်ပြောလာခဲ့ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *