အသက် (၂၀) အရွယ် နာမည်ကြီးပြိုင်ဘီး ဆိုင်ကယ်မောင်းနေတဲ့ကောင်မလေးက FaceApp သုံးထားတဲ့ အသက် (၅၀) အရွယ် အမျိုးသားဖြစ်နေ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အသက် (၂၀) အရွယ် နာမည်ကြီးပြိုင်ဘီး ဆိုင်ကယ်မောင်းနေတဲ့ကောင်မလေးက FaceApp သုံးထားတဲ့ အသက် (၅၀) အရွယ် အမျိုးသားဖြစ်နေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မကြာသေးခင်က ဂျပန်နိုင်ငံမှာ lady biker ဆိုပြီး နာမည်ကြီးနေခဲ့တဲ့ မိန်းမချောလေးက အမှန် တကယ်မှာတော့ အသက် (၅၀) အရွယ် အမျိုးသား တစ်ဦးဖြစ်နေခဲ့ပါတယ်။

@azusagakuyuki အမည်ရှိတဲ့ Twitter အသုံးပြုသူ မိန်းကလေးက follower (17,000) ရှိသူဖြစ်ပြီး ဆိုင်ကယ် အမျိုးမျိုးကိုစီးပြီး မကြာခဏ pose တင်နေသူပါ ။

တစ်ရက်မှာတော့ မျက်စိလျင်လွန်းတဲ့ သူတစ်ဦးက ဓာတ်ပုံထဲက Azusa ရဲ့ မှန်ပေါ်မှာရောင်ပြန်နေတဲ့ ပုံစံကို သတိထား မိသွားခဲ့ချိန်မှာတော့ အသက် (၂၀) အရွယ် ကောင်မလေး မဟုတ်နေဘဲ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးဖြစ်နေခဲ့တာပါ ။

ဂျပန်နိုင်ငံရဲ့ variety show တစ်ခုမှ producer တစ်ဦးဟာလည်း Azusa ရဲ့နောက်ကို နောက်ယောင်ခံလိုက်ခဲ့ပါတယ် ။

နောက်ဆုံး Azusa ဆိုင်ကယ် ဦးထုပ် ချွတ်ခဲ့ချိန်မှာတော့ အသက် (၅၀) အရွယ် အမျိုးသား တစ်ဦးဖြစ်နေမှန်း ထုတ်ဖော်နိုင်ခဲ့ပြီး ၊ မေးမြန်းခဲ့ချိန်မှာတော့ Faceapp ကိုအသုံးပြုပြီး မျက်နှာကိုပြောင်းလဲခဲ့တာဖြစ်ကြောင်း Azusa ကိုယ်တိုင် ထုတ်ဖော်ခဲ့ပါတယ် ။

ယောက်င်္ကျားလေးဖြစ်ကြောင်း နဲ့ အသက် အရွယ်ကို ဖုံးကွယ်ထားခဲ့ရတဲ့ အကြောင်းအရင်းကတော့ သူ ကိုယ်တိုင်က ဆိုင်ကယ်တွေကို ဘယ်လောက်ကြိုက် နှစ်သက်လည်းဆိုတာကို ဝေမျှပေးချင်လို့

အသက် အရွယ်ကြီးရင့်တဲ့ အမျိုးသားဆိုရင် ဘယ်သူကမှ သတိထားမိကြမှာ မဟုတ်လို့ဖြစ်ကြောင်း ဒါကြောင့် လှပတဲ့ မိန်းမငယ်လေးရုပ်ကိုပြောင်းလဲခဲ့ချိန်မှာတော့ follower အများကြီးရရှိသွားခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ Credit

Add a Comment

Your email address will not be published. Required fields are marked *