အသက် ၁၇ နှစ်ငယ်တဲ့ ချစ်သူ ကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ Ma Dong Seok

အသက် ၁၇ နှစ်ငယ်တဲ့ ချစ်သူ ကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ Ma Dong Seok

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဇူလိုင် ၁၃ ရက်နေ့မှာ ထွက်ရှိလာခဲ့တဲ့ သတင်းတစ်ခုက ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင် မင်းသားကြီး တစ်လက်ဖြစ်တဲ့ Ma Dong Seok ဟာဆိုရင် သူ့ထက် အသက် ၁၇ နှစ်မျှ ငယ်ရွယ်တဲ့ ချစ်သူ ကောင်မလေးနဲ့ အခုလာမယ့် စက်တင်ဘာလ ထဲမှာ လက်ထပ်ပွဲ ဆင်နွှဲတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။

Ma Dong Seok ရဲ့ ချစ်သူ ကောင်မလေးကတော့ ခုလက်ရှိအချိန်မှာ Health Trainer အဖြစ် ရပ်တည်နေလျှက်ရှိတဲ့ မော်ဒယ်လ် Ye Jung Hwa ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ချစ်သူ သက်တမ်းဟာဆိုရင် ခုလက်ရှိ အ ချိန်မှာ ၅ နှစ် ပတ်ဝန်းကျင် ရှိလို့နေပြီလို့ ဆိုပါတယ် ။

၎င်း လက်ထပ်ပွဲနဲ့ ပတ်သတ်လို့ အေဂျင်စီ ဘက်ကနေတော့ အတည်ပြု ထုတ်ပြန် ထားခြင်းမရှိသေးပေမယ့်လည်း Ma Dong Seok တစ်ယောက် သူ့ရဲ့ ချစ်သူ မိန်းကလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းဟာ ၂၀၁၉ ခုနှစ်လောက်တည်းက ထွက်ရှိနေခဲ့တာ ပဲဖြစ်ပါတယ် ။

ပရိတ်သတ်ကြီးအားလုံးလည်း Ma Dong Seok အတွက် မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော် ။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *