အသက် ပေးခဲ့ရတဲ့ လူငယ် ကျောင်းသားတွေကိုမှ အားမနာ ပြောရက်လိုက်တာ ဆရာမရယ်

အသက် ပေးခဲ့ရတဲ့ လူငယ် ကျောင်းသားတွေကိုမှ အားမနာ ပြောရက်လိုက်တာ ဆရာမရယ်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ လမ်းဘေး ရောက်နေတဲ့ ကလေးငယ်တွေကို လက်ဆွဲခေါ်၍ ကျောင်း အရောက် ပို့ရမည့်အစား ကျောင်းဝသွားရင် ပြောင်းဝ ရောက်မယ်ဟု ကြုံးဝါးခက်ထန် ဆဲရေးနေတဲ့ ခတ်။

ခဲတံ တစ်ချောင်း စာတစ်အုပ်ဖြင့် ပေးကမ်း ချီးမြှင့် ထောက်ပံ့ ဖေးကူ ရမည့်အစား ကျည်ဆန် တစ်တောင့် စာတစ်စောင်ဖြင့် ခြိမ်းခြောက်နေတဲ့ ခေတ်။

မြေဖြူ တစ်ချောင်း စာတစ်ကြောင်းဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ဖို့ ကြံဆောင် လမ်းပြရမည့်အစား အနာဂတ်ကို အမှောင်ချပညာရေးကို ဟန့်တားနေတဲ့ ခေတ်။

ခြိမ့်ခြိမ့် သဲသဲ အာစရိယ ပူဇော်ပွဲတွေအစား အန္တဂိုဏ်းဝင် ကျေးဇူးရှင်ကို ဇီဝိန်နုတ်ခြွေ သွေးစွန်းစေကာ အာစရိယကို အသေ သတ်တဲ့ ခေတ်။

လူစင်စစ်က လူစိတ်တွေပျောက် ဘီလူးစိတ်ဝင် ဂုဏ္ဘန်အသွင် လူ့အသားကိုစား လူ့အသွေးကို သောက်ရမှ စိတ်အားရတဲ့ ခေတ်။

ဤသို့ ဤနှယ် ခေတ်ပျက် ခေတ်ဆိုး လူ့အန ္တတွေကြား ဓားသွားထက်တွင် မားမား ရပ်လျက် အနာဂတ် လူ့ဘောင် ထွန်းတောက်ကြွားစေဖို့ ကျွန်ုပ်တို့ စာသင်နေပါသည်။

ပညာအရောင် တန်ဆောင် ဆီမီး ထိန်ထိန် ညီးပါစေသား။

အမှောင် ကွယ်ပျောက် အလင်း ရောက်ပါစေသား။ နိုင်ငံ အဝှမ်းမှ စာသင်နေတဲ့ ဆရာ / ဆရာမများကို ဂုဏ်ပြု ရေးသားအပ်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *