အသက် စွန့်ခဲ့တဲ့ ကြယ်လေးတွေ အတွက် မိနစ်တိုင်းမှာ လုပ်ဆောင်ရမဲ့ အရာကို သတိပေးလာခဲ့တဲ့ မောင်မောင်အေး

အသက် စွန့်ခဲ့တဲ့ ကြယ်လေးတွေ အတွက် မိနစ်တိုင်းမှာ လုပ်ဆောင်ရမဲ့ အရာကို သတိပေးလာခဲ့တဲ့ မောင်မောင်အေး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တဲ့ အစီစဉ်တင်ဆက်သူ မောင်မောင်အေးကတော့ သရုပ်ဆောင်သိပ်မလုပ်ပေမယ့်လည်း ပရိသတ်တိုင်းနဲ့ မစိမ်းတဲ့ ဆယ်လီတစ်ယောက်ပါပဲ ။

ထို့အပြင် မောင်မောင်အေးကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အင်တိုက် အားတိုက် ပါဝင်နေခဲ့သူပါ ။

သူ ကိုယ်တိုင်လည်း ပြည်သူနဲ့ အတူ လှူကြမယ်အစီ အစဉ်၊ We Love Yangon အဖွဲ့ Quarantine ဝင်နေတဲ့လူနာတွေကိုသွားရောက်ဖျော်ဖြေရေးစတာတွေမှာ ကိုယ်ကျိုး မဖက်ဘဲ ရှိသမျှ အချိန်ပေးပြီး ဦး ဆောင်လုပ်ကိုင်နေသူပါ ။

အာဏာ သိမ်းပြီးနောက် စစ်ကောင်စီရဲ့ပြစ်မှတ်ထားမှူကြောင့် ပြည်ပသို့ထွက်ပြေးခဲ့ရပါတယ် ။

အခု သူ့ရဲ့ Facebook ကနေတဆင့် 14 လမ်းက လူငယ် ၅ ဦးရဲ့ သူရဲကောင်း ဆန်ဆန် တိုက်ပေါ်ကနေ အဆုံးစီရင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောလာပါတယ် ။

ဘယ်နှစ်နာရီမဆိုရဲ့ ၄၄ မိနစ် ရောက်ချိန်တိုင်းမှာ အံ ၅ ခါ ကြိတ်မယ် တောက် ၅ ခါ ခေါက်မယ် လက်သီးကျစ် ကျစ်

တင်းတင်း ၅ ကြိမ် ဆုပ်မယ်ငါ ဒီလောက်တော့ လုပ်နေနိုင်ရမယ် ငါ ဒီထက် အများကြီး ပိုလုပ်နိုင်ပါစေသား လို့ ရေးတင် ခဲ့တာဖြစ်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *