အသက် စွန့်သွားတဲ့ သူရဲကောင်းလေးတွေ အတွက် သူကိုယ်တိုင် ကြိုးစားပြီးလုပ်ပေးမယ့် အရာတစ်ခုကို ပြောပြလာတဲ့ မောင်မောင်အေး

အသက်စွန့်သွားတဲ့ သူရဲကောင်းလေးတွေ အတွက် သူကိုယ်တိုင် ကြိုးစားပြီးလုပ်ပေးမယ့် အရာတစ်ခုကို ပြောပြလာတဲ့ မောင်မောင်အေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မောင်မောင်အေးလို့ ဆိုလိုက်ရင်တော့ ကတုံးနဲ့ အသံပါဝါ အားကောင်းကောင်းနဲ့ လူတိုင်းက ငေးနေရလောက်အောင် စ ကားပြောကောင်းတဲ့ လူပဲဖြစ်ပါတယ်။

အနုပညာလောကမှာ နာမည် ကြီးသူ တစ်ယောက်ဖြစ်ပြီး အစီစဉ် တင်ဆက်သူ မောင်မောင်အေးက သရုပ် ဆောင် သိပ်မ လုပ်ပေမယ့်လည်း ပရိတ်သတ်တိုင်းနဲ့ မစိမ်းတဲ့ ဆယ်လီ တစ်ယောက်ဆိုလည်း မမှားပါဘူး။

ထို့အပြင် မောင်မောင်အေးက ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အင်တိုက် အားတိုက် ပါဝင်နေခဲ့သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

သူကိုယ်တိုင်လည်း ပြည်သူနဲ့ အတူ လှူကြမယ် အစီအစဉ် We Love Yangon အဖွဲ့ Quarantine ဝင်နေတဲ့ လူနာတွေကို သွားရောက် ဖျော်ဖြေရေး စတာတွေမှာ ကိုယ်ကျိုး မဖက်ဘဲ ရှိသမျှ အချိန်ပေးပြီး ဦးဆောင် လုပ်ကိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အာဏာသိမ်းတဲ့ လုပ်ရပ် နောက်ပိုင်းမှာတော့ စကစဘက်က အလိုရှိနေတဲ့ ကျော်ကြားတဲ့ လူထဲမှာ မောင်မောင်အေးလဲ အပါ အဝင်ပဲ ဖြစ်ပါတယ်။

အာဏာ သိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပြစ်မှတ်ထားမှူကြောင့် ပြည်ပသို့ ထွက်ပြေးခဲ့ရပါတယ်။

မောင်မောင်အေးက ဖေ့ဘုတ် စာမျက်နှာထက်မှာ ပေါ်ပင် စာလေးတွေကို ရေးသားတတ်သူ ဖြစ်တာကြောင့် အမြင် မတူသူတွေရဲ့ ဝေဖန်ခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ဖြစ်သွားခဲ့တဲ့ လူငယ် ၅ ဦး တိုက်ပေါ်က ခုန်ချခဲ့တဲ့ အကြောင်းနဲ့ ပက်သက်လို့ ခုလိုပဲ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

ဘယ် နှစ်နာရီ မဆိုရဲ့ ၄၄ မိနစ် ရောက်ချိန်တိုင်းမှာ …

အံ ၅ ခါ ကြိတ်မယ်….

တောက် ၅ ခါ ခေါက်မယ်….

လက်သီးကျစ်ကျစ် တင်းတင်း ၅ ကြိမ် ဆုပ်မယ်….

အသက်တောင်ပေးခဲ့ရဲတဲ့ ….

ကြယ်တွေအတွက် ….

ငါ …… ဒီလောက်တော့ လုပ်နေနိုင်ရမယ်….

ငါ….ဒီထက်အများကြီး ပိုလုပ်နိုင်ပါစေသား…

လို့ ရေးတင်ခဲ့တာဖြစ်ပါတယ်။

သူရေးထားတဲ့ ပို့စ်အောက်မှာတော့ အမြင်တူသူ မတူသူများနဲ့ စည်ကားလို့ နေပြန်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း မောင်မောင်အေးရဲ့ နှိုးဆော်စာ အတွက် အမြင်လေးတွေကိုလဲ ဝေဖန်ပေးခဲ့ကြပါအုံးနော်။ Credit

Add a Comment

Your email address will not be published. Required fields are marked *