အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြောင်း ငြိမ်းချမ်းစွာ လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲ ကောင်းတွေအတွက် ဝမ်းနည်းကြောင်း ငြိမ်းချမ်းစွာ လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ သ ရုပ်ဆောင် မင်းမော်ကွန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်သော မင်းမော်ကွန်း ကတော့ ခုဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေနဲ့ အတူရပ်တည်ကာ နေ့စဉ်တိုင်းလိုလို အန္တ ရာယ်ကြားကနေ လမ်းပေါ်ထွက်ကာ လူ ငယ်တွေ အနာဂါတ်အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်နေတာပါ။

ဒါ့အပြင် အရေးကြီး အချက်အလက်တွေ နဲ့ သူရဲ့ရင်ထဲက စစ်မှန်တဲ့ ခံစားချက်တွေ ယုံ ကြည်ချက်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာထက်မှာ အမြဲဖော်ပြပေးနေတာလည်းဖြစ်ပါတယ်။

အခုလည်းဘဲ အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေ အတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ အနုပညာမောင်နှမတွေနဲ့အတူ လမ်းမထက်မှာ အန္တ ရာယ်တွေကြားကနေ ရဲရဲဝင့်ဝင့်နဲ့ ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။

အင်တိုက်အားတိုက် ပါဝင်အားဖြည့်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ရင်တွင်း ခံစားချက်လေးကိုလည်း ပရိသတ်တွေအတွက် ဝေမျှခဲ့ပါသေးတယ်နော်။

ထိုစာလေးကတော့ ” 28 February နွေဦးတော်လှန်ရေး အတွက်အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြသော အာဏာရှင်စနစ်ဆိုးကြီးကိုဖီဆန်ရင်း ကျဆုံးခဲ့ကြသောအာဇာနည်သူရဲ ကောင်းများကို ဝမ်းနည်းစွာဖြင့်ဦးညွတ်အလေးပြုအပ်ပါသည်။

သို့သော် ဖမ်းလို့ ပစ်လို့ ကျွန်တော်တို့ လမ်းပေါ်မထွက်ရဲခဲ့ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူအားလုံး အညံ့ခံအရှံးပေးရာကျပါလိမ့်မယ်ဖမ်းတာပစ်တာ သူတို့အလုပ်ဆန့်ကျင်ရမှာကျွန်တော်တို့အလုပ်ဒီနေ့ပစ်နေခတ်နေတဲ့ကြားကကျွန်တော်တို့တွေ ရ အောင် ထွက်ခဲ့ကြတယ်လက်တွဲခဲ့ကြသော ရဲဘော်ရဲဖက်

စာပေ သဘင် ဂီတ ရုပ်ရှင် မီဒီယာ သူရဲ ကောင်းများအားလုံးအားလုံးအတွက်သူရဲ ကောင်းကျောင်းသားပြည်သူအားလုံးအ တွက် ရင်ထဲကလှိုက်လှိုက်လဲလဲ ဂုဏ်ယူနေပါတယ်ခင်မျာ ဆိုသော စာလေးတွေကို ဝမ်းနည်းစွာ ပြောပြခဲ့တာပါ။ Source Photo Credit : Kyaw Kyaw Htay Lwin Facebook Account

Add a Comment

Your email address will not be published. Required fields are marked *