အဝတ်မပါပဲ ရေချိုးနေတဲ့ကောင်မလေးကို ကမ်းပေါ်တက်အောင်လုပ်လိုက်တဲ့ ဉာဏ်ကြီးရှင်

အဝတ်မပါပဲ ရေချိုးနေတဲ့ကောင်မလေးကို ကမ်းပေါ်တက်အောင်လုပ်လိုက်တဲ့ ဖိုးထောင်

ငါးမျှားနေတဲ့ ဖိုးထောင်ဉာဏ်ကောင်းချက် လက်ဖျားတောင်ခါရတယ်။

ဉာဏ်တော့ကောင်းရတာပေါ့ တစ်ခါက မိန်းပျိုလေးတစ်စု တောတောင်တွေထဲ လေ့လာရေးခရီး ထွက်ခဲ့ကြပါတယ်။

တစ်နေရာမှာ သာယာလှပတဲ့ စမ်းချောင်းလေးတစ်ခု တွေ့တာနဲ့ အားရရွှင်မြူးစွာ ရေကူးကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မိန်းမပျိုတစ်ဦးက ” ငါတို့မှာ အဝတ်အစားအပိုမှမပါတာ ဘယ်လိုလုပ်မလဲ ” ပြောတော့

နောက်တစ်ဦးက ပတ်ဝန်းကျင်ကိုကြည့်ပြီး ” ကိစ္စမရှိပါဘူး လူသူလေးပါးကင်းပါတယ် အကုန်ချွတ်ပြီး ဆင်းကူးကြတာပေါ့ ” ဆိုပြီး

အားလုံးအဝတ်တွေချွတ်ကာ ချောင်းဘေးခြုံပုတ်တွေပေါ်တင်ထားပြီး ရေဆင်းကူး ကြပါတော့တယ်။

ဖြစ်ချင်တော့ သူတို့ရေချိုးနေတဲ့ စမ်းချောင်းအထက်ပိုင်းမှာ မောင်ရိုးနဲ့ ဖိုးထောင်ဆိုတဲ့ လူငယ်၂ယောက် ချောင်းဘေးကခြုံပုတ်အနောက်မှာ ငါးထိုင်မျှားနေကြပါတယ်။

ချောင်းအောက်မှ ဆူညံသံတွေကြားလို့ ချောင်းကြည့်လိုက် တော့ မိန်းမပျိုတွေ ပျော်ရွှင်မြူးတူးနေတာတွေ့ရတဲ့အခါ မောင်ရိုးက

” ခြုံပုတ်ပေါ်က သူတို့အဝတ်တွေ သွားယူဝှက်ထားပြီး စလိုက်နောက်လိုက်ရင်ကောင်းမယ် ” လို့ပြောပါတယ်။

ဖိုးထောင်ကတော့ ” အဲ့လောက်အောက်တန်းကျကျ ကြံစရာမလိုပါဘူးကွာ မင်းနဲ့ငါမျှားလို့ရထားတဲ့ ငါးနည်းနည်းလောက် အရင်းနှိးလုပ်လိုက်ရင် အဆင့်တန်းမြင့်တာ တစ်ခုခုတွေ့ရမှာပါ ”

ဖိုးထောင်ဟာ သူနဲ့မောင်ရိုးတို့ မျှားရထားတဲ့ငါးအနည်းငယ်ကို ပုံးတစ်လုံးထဲထည့်ပြီး မိန်းမပျိုတွေရေကူးနေတဲ့နေရာကို ခပ်တည်တည်ပဲ သွားလိုက်တယ်။

” ဟဲ့အကောင် ဘာလာလုပ်တာလဲ ခုအမြန်ထွက်သွား ” ” မသာကောင် ဒီနေရာကိုမလာနဲ့သွားသွား” မိန်းမပျိုလေးတွေက ဖိုးထောင်ကို အော်ငေါက်ဆဲဆိုလွှတ်ကြတယ်။

ဒါပေမယ့် ဖိုးထောင်ကတော့ ခပ်တည်တည်ပါဘဲ…။

” နင်တို့ဟာနင်တို့ ရေကူးစရာရှိတာကူး နင်တို့ကို ငါဘာမှမနှောက်ယှက်ဖူး ငါ့ဟာငါမိကျောင်းတွေ အစာကျွေးမလို့လာတာ” လို့ ပြောပြီး

ပုံးထဲကငါးတွေကို အေးအေးဆေးဆေးဘဲ စမ်းချောင်းထဲ သွန်ချလိုက်ပါတယ်။

အဲ့ဒီနောက်မှာတော့ မိန်းမပျိုလေးတွေခမျာ ကဲဘာပြောကောင်းမလဲ ပိတ်သတ်ကြီးရာ စိတ်ကူးနဲ့သာမှန်းကြည့်ကြပါတော့

Credit

Add a Comment

Your email address will not be published. Required fields are marked *