အလှူ ငွေလာရောက် လှူဒါန်းခဲ့တဲ့ ဇွဲဝေယံထူးတို့ အမွှာကိုမြင်တော့ ဖက်ပြီးငိုနေရှာတဲ့ ညီညီ့ရဲ့မိခင်

အလှူ ငွေလာရောက် လှူဒါန်းခဲ့တဲ့ ဇွဲဝေယံထူးတို့ အမွှာကိုမြင်တော့ ဖက်ပြီးငိုနေရှာတဲ့ ညီညီ့ရဲ့မိခင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဇွဲဝေယံထက်တို့ ညီအစ်ကိုကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေကြားမှာ လူသိများ အောင်မြင်လာခဲ့ပြီး အနုပညာ လမ်း ကြောင်းထက်မှာ လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။

ဇွဲဝေယံထက်တို့ ညီအစ်ကိုက အခုလည်း သူရဲကောင်းလေး ညီညီရဲ့ နာရေးကို သြားရောက်ကူညီခဲ့တာ ဖြစ်ပါတယ်။ သူတို့ ညီအစ်ကိုက လှည်းတန်းမှာ ကြွေလွင့်ခဲ့တဲ့ သူရဲကောင်းလေး ညီညီရဲ့မိခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကိုကို ညီညီဆိုတဲ့ အမွှာလေး နှစ်ယောက်ထဲကနေ တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ညီညီရဲ့မိခင်ကတော့ ဇွဲဝေယံထူးတို့ ညီအစ်ကိုကိုမြင်တွေ့ပြီး ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။

ညီညီ အမေက သူတို့ ညီအစ်ကိုကိုမြင်တော့ အချင်းချင်း စောင့်ရှောက်ကြဖို့ တဖွဖွမှာရင်း ဖက်ပြီးငိုနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအကြောင်းကို ဇွဲဝေယံထူးတို့ ညီအစ်ကိုက “သားတို့ ဒီနေ့မနက် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ကိုကြီး ညီညီနာရေးကိုသွားပြီး ကိုကြီး ညီညီရဲ့မေမေနဲ့ ကိုကြီး ကိုကိုတို့ကို အားပေးခဲ့ပါတယ် ခင်ဗျာ ကျဆုံးသွားတဲ့ ကိုကြီး ညီညီအတွက် အရမ်းဝမ်းနည်းရပါတယ်။

ကိုကြီး ညီညီ ကောင်းမွန်ရာဘုံမှာ ငြိမ်းချမ်းပါစေခင်ဗျာ။ ဒါကတော့ မေမေ့ ပိုစ့်မှာရေး ထားတာ တင်ပေးထားတာပါ ခင်ဗျာ”လို့ရေးသားထားတာတွေ့ရပါတယ်။

သားနှစ်ယောက်နဲ့ အတူသွားခဲ့တဲ့ မိခင်ကတော့ အဲ့ဒီအဖြစ်ပျက်ကို အခုလိုရေးသားထားပါတယ်” ဒီနေ့ မနက်စောစောပဲ သွားလိုက်တယ်။

ညီညီ့အမေက ပြောပြီးငိုရှာတယ် အမွှာလေးရယ် ခုတော့ သားတို့ ကိုကိုတစ်ယောက် ဘက်ပဲ့သွားပြီတဲ့ ကိုကို့ကိုကြည့်ပြီးလည်းငိုမိတာ မျက်ရည်က ထိန်းမရ သူ့မှာ ကလေး

နှစ်ယောက်ကို ကြည့်ပြီး မျက်ရည်တွေကျတာ ရှိုက်ရှိုက်ပြီး အံလေးကြိတ်ပြီးတော့ သနားစရာကောင်းလိုက်တာ ကလေး နှစ်ယောက်ကို ဖက်ပြီးမှာရှာတယ်။

အမွှာဆိုတာ မျက်စိအောက်က အပျောက်မခံရဘူးတဲ့ ကိုကိုရှေ့က ခဏလေး ပျောက်သွားတဲ့ အချိန်မှာ ညီလေးက မရှိတော့ဘူးတဲ့ သားတို့ တစ်ယောက်နဲ့ တစ်ယောက်

အ ပျောက် မခံနဲ့နော်တဲ့ သူ့ရင်ထဲမှာ ဘယ်လိုတွေတောင် နေရှာမလဲနော် သူရဲကောင်း ညီညီလေး ကောင်းရာမွန်ရာရောက်မှာပါ” ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *