အလှူရှင် တစ်ဦးရဲ့ မနက်စာ ထမင်းဘူးလေးကို လမ်းပေါ်ထိုင်ပြီး ဒိုင်းကာတွေရဲ့ နောက်မှာဖြစ်သလို စားရင်း တိုက်ပွဲဝင်နေတဲ့ လူငယ်လေးများ

အလှူရှင် တစ်ဦးရဲ့ မနက်စာ ထမင်းဘူးလေးကို လမ်းပေါ်ထိုင်ပြီး ဒိုင်းကာတွေရဲ့ နောက်မှာဖြစ်သလို စားရင်း တိုက်ပွဲဝင်နေတဲ့ လူငယ်လေးများ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အပူချိန် 37°C အောက်မှာ အလှူရှင် တစ်ဦးရဲ့ မ နက်စာ ထမင်းဘူး လေးကို လမ်းပေါ်ထိုင်ပြီး ဒိုင်းကာတွေရဲ့ နောက်မှာ ဖြစ်သလို စားရတာ ပျော်စရာ မကောင်း ပါဘူး။

အ ခန့်မသင့်ရင် ခေါင်းပွင့် သွားနိုင်တယ်၊ မျက်လုံးတွေ အစုံလိုက် ကျွတ် ထွ က် သွားနိုင်တယ်၊ ခြေတွေ၊ လက်တွေ ဆုံးရှုံးပြီးတစ်သက်လုံး ဒုက္ခိတ ဘဝနဲ့ ကြုံသွားရ နိုင်ပါတယ်။

အခု ဒီပုံလေးထဲက Gen-Z လေးလည်းပျော်လို့ လုပ်နေတယ် မထင်ပါနဲ့။ နိုင်ငံ တနံတလျှားမှာ အသက်ပေး သွားခဲ့ကြ သူတွေဆို ရင်လ ည်း အပျော် သက် သက် သေပွဲ ဝင်ခဲ့ကြ တာမျိုး တစ်ယောက်မှ မရှိခဲ့ဘူး။

အားလုံးဟာ ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကို လျှောက်ပြီး ကိုယ့်အသိ စိတ်ဓာတ်နဲ့ကိုယ် ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ် နေခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ အမှန်တရား တခုဖြစ်တယ် ဆိုတာကိုလည်း ကျွန် တော်တို့ အား လုံး သဘောတူ လက်ခံ ထားပြီးဖြစ် ပါတယ်။

အ ခု လမ်းပေါ်က ဒိုင်းကာတွေရဲ့ နောက်မှာ မနက်စာကို ဖြစ်သလို စားနေရတဲ့ ဟောဒီ Gen-Z လေးတွက် ကျွန်တော့်မှာ စိုးရိမ်မကင်း ဖြစ်ရတယ် သူ့ အသက် သူ့အရွယ်နဲ့ ခေတ်ဝန် ကိုထမ်းပြီး ခေတ်လမ်းပေါ် လျှောက်နေ ပုံကို အရမ်းလေး စားမိတ ယ်။ ဦးခေါင်းကိုလည်း ညွှတ်ကိုင်း ပေးမိတယ်။

စိတ်ထဲမှာ အားလုံး ဘေးကင်း ပါစေလို့လည်းဆု တောင်းနေမိတယ်။ အရွယ်နဲ့ မလိုက်အောင် ခေ တ်လမ်း ပေါ်လျှောက်နေတဲ့ ဟောဒီ ညီငယ်လေးနဲ့အတူ အသက်နဲ့ ခန္ဓာကို အရင်းအနှီး ပြုပေးခဲ့ကြတဲ့ ဒီမိုကရေစီ သူရဲကောင်းတွေ အပေါ် ငဲ့ညှာ သောအားဖြင့် ကျွန်တော်တို့ အားမလျှော့ဖို့ ကျေး ဇူးပြုပြီး နောက်မဆုတ်ကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ အရေးတော်ပုံ အောင်ရမည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *