အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်မှာ ပြောင်းလဲခြင်းမရှိသေးကြောင်း SAC ထုတ်ပြန်

အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်မှာ ပြောင်းလဲခြင်းမရှိသေးကြောင်း SAC ထုတ်ပြန်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ဒီဇင်ဘာ ၂၃ လုပ် သားတွေရဲ့ အခြေခံ လုပ်အားခ ငွေကျပ်ကို လက် ရှိ သတ်မှတ်ထားတဲ့ ၄၈၀၀ ကျပ်မှ ၃၆၀၀ ကျပ်ကို လျော့ချ၍သာ လုပ်ခပေးချေမယ်ဆိုတဲ့သတင်းပေါင်းစုံဟာ ပြည်တွင်းရှိ မြန်မာနိုင်ငံသားပိုင် စက်ရုံတွေတင်မဟုတ်ဘဲ နိုင်ငံခြားသားပိုင စက်ရုံတွေမှာပါထွက်ပေါ်နေခဲ့ပါတယ် ။

လုပ်သားထု ကြားမှာတော့ လက်ရှိတွင် ပင်မ လောက်ငှတဲ့ လုပ်ခ လစာကို ထပ်မံ လျော့ချ ခံရမယ့် အခြေ အနေကြောင့် စိုးရိမ်မှု အတော်လေး ကြီးနေကြပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး အလုပ် သမား တစ်ယောက်ရဲ့တစ်နေ့တာ အနည်း ဆုံး လုပ်ခ လစာ သတ်မှတ် ချက်မှာငွေ ကျပ် ၄,၈၀၀ သာဖြစ်ပြီး ပြောင်းလဲခြင်း မရှိသေးကြောင်း SAC က ထုတ်ပြန် ထားပါတယ် ။

အနည်း ဆုံး အခ ကြေးငွေ သတ်မှတ် ရေးဆိုင်ရာအမျိုးသား ကော်မတီရဲ့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားတဲ့ အမိန့် ကြေညာစာအရ အလုပ် သမားတိုင်းအတွက် တစ်နာရီကို ၆၀၀ ကျပ်နှုန်းနဲ့ အလုပ် ချိန်တစ်ရက် ၈ နာရီ အတွက်ငွေကျပ် ၄,၈၀၀ ကို ပြည် ထောင်စုအစိုးရ အဖွဲ့ရဲ့အတည် ပြုချက်နဲ့ ထုတ်ပြန် ထားတယ်လို့ သိရပါတယ် ။

အဲ့ဒီ အမိန့် ကြေညာစာဟာ အခုချိန်ထိ အတည်ဖြစ်ပြီး အနည်း ဆုံး အခ ကြေးငွေ ၄,၈၀၀ ကျပ်ဟာ ပြောင်း လဲမှု မရှိသေးကြောင်း ထုတ်ပြန် ထားတာ ဖြစ်ပါတယ် ။ credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *