အလုပ်ရဖို့အတွက် ကားခေါင်မိုးထိပ်မှာ CVဖောင်စာရွက်ကြီးကြီးတစ်ရွက် ကပ်ပြီး အလုပ်လျှောက်ခဲ့တဲ့ အမျိုးသားတစ်ဦး

အလုပ်ရဖို့အတွက် ကားခေါင်မိုးထိပ်မှာ CVဖောင်စာရွက်ကြီးကြီးတစ်ရွက် ကပ်ပြီး အလုပ်လျှောက်ခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အလုပ်တစ်ခု ရဖို့အတွက် အပြိုင်အဆိုင် အမြဲတမ်းရှိတတ်တာကို ကျွန်တော်တို့ အားလုံးသိပြီးသားဖြစ်ကြမှာပါ။

သို့ပေမဲ့ CV ဖောင်ကို ကားခေါင်မိုးပေါ်မှာ ကပ်ပြီး အလုပ်ရှာခဲ့တဲ့ Max Fosh အမည်ရှိတဲ့ Youtuber အမျိုးသားဟာ အခြားလူတွေနဲ့ မတူခဲ့ပါဘူး။

Maxက BBC သတင်းဌာနရဲ့ Radio 1 မှာ အလုပ်ရရန် ဆန္ဒရှိတာကြောင့် သူက လုံးဝကွဲပြားတဲ့ အလုပ် လျှောက်နည်းတစ်မျိုးကို အသုံးပြုလာခဲ့ပါတယ်။

Maxက သူ့ရဲ့ အနီရောင် Volkswagen ကားခေါင်မိုးပေါ်မှာ သူ့ရဲ့ CV ဖောင် အလုပ်လျှောက်လွှာကို ကောင်းကောင်းမြင်ရအောင် ကပ်ထားခဲ့တာနဲ့ မပြီးသေးဘဲ ကားခေါင်းရှေ့မှာလည်း သူ့ရဲ့ QR code ကိုပါ ကပ်လာခဲ့ပါသေးတယ်။

တစ်ကယ်လည်း သူ့ရဲ့ မဟာဗျူဟာဟာ အကျူံးဝင် အောင်မြင်လာခဲ့ပါတယ်။ Maxဟာ သူ့ရဲ့ အမိုက်စား အလုပ်လျှောက်လွှာကားကို BBC ရဲ့အဆောက်အဦးရှေ့မှာ ထိုးရပ်ပြီး ဓာတ်ပုံရိုက်ကာ Twitter မှာ တင်လိုက်ပြီးနောက် ၎င်း ဓာတ်ပုံတွေကို Media ကုမ္ပဏီ ဝန်ထမ်းများ သတိထားခဲ့မိရုံသာမက BBC’s Radio 1 ရှိ Aled Haydn Jones အမည်ရှိတဲ့ အကြီးအကဲတစ်ဦးရဲ့ အာရုံစိုက်မှုကိုပါရရှိလာခဲ့ပါတယ်။

ထို့နောက် Aledဟာ Max ရဲ့ QR code ကို scan ဖတ်ပြီး သူ့ရဲ့ကျွမ်းကျင်မှု အကြောင်းပိုမိုသိရှိရန် Youtuber နှင့်စကားပြောလိုကြောင်း အသိပေးတဲ့ ဗီဒီယိုတစ်ခုနဲ့ Max ရဲ့ Twitter ကို တုံ့ပြန်လာခဲ့ပါတယ်။

ထို့အပြင် Maxဟာ သူ့ရဲ့ Youtube channel မှ၎င်း ကားပေါ်က အလုပ်လျှောက်လွှာပုံစံလုပ်နည်းရဲ့ အစအဆုံး ဘယ်လို လုပ်ဆောင်ခဲ့ရကြောင်းကိုလည်း ပြသလာခဲ့ပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ကိုဗစ်ကြီးပြီးလို့ အလုပ်လျှောက်ချင်ရင်တော့ Max ရဲ့ နည်းလမ်းလို လိုက်လုပ်ကြည့်ကြပါ။

ကျွန်တော်ကတော့ လိုက်လုပ်ကြည့်အုံးမှပါလေ။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *