အလုပ်ကြမ်း လုပ်ကာ အဘိုးနှင့်အဘွား ကိုရှာကျွေးနေတဲ့ ၁၀ နှစ်သမီးလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အလုပ်ကြမ်း လုပ်ကာ အဘိုးနှင့်အဘွား ကိုရှာကျွေးနေတဲ့ (၁၀) နှစ်သမီးလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မိမိကို ကျွေး မွေး ပြုစုပေး ခဲ့တဲ့သူကို ကျေးဇူး ဆပ်တယ် ဆိုတာ မွန်မြတ်တဲ့ အလုပ်တစ်ခု ပဲဖြစ် ပါတယ်။ မိဘတွေ အဘိုးအဘွား တွေကို လုပ် ကျွေး ပြုစုတယ် ဆိုတာကလည်း နတ်လူ ချီးမွမ်းတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ယခု အခါမှာတော့ နိုင်ငံတကာ သတင်းများ အကြားမှာ (၁၀) နှစ် သမီးလေး တစ်ဦး အ ကြောင်း ဖော်ပြလာကြပါတယ်။ အဆိုပါ မိန်းကလေး ကတော့ အလုပ် ကြမ်းလုပ် ကိုင်ကာ အဘိုးနှင့် အဘွားကို လုပ် ကျွေးနေသူပါ။

သူမရဲ့ နာမည်ကိုတော့ မီဒီယာတွေက ငှဲ့ကွက်သော အားဖြင့် မဖော်ပြ ခဲ့ပါဘူး။ သူမကတော့ တရုတ်ပြည် မကြီးမှာ နေထိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဘဝကတော့ အ လွန်ကို ကံဆိုးခဲ့ပါတယ်။

သူမရဲ့ အဖေက တော့ အလွန်ကို ကြမ်းတမ်းခဲ့ တဲ့မတော် တဆတစ်ခု မှာ အသက် သေ ဆုံးသွား ခဲ့ရပါတယ်။ သူမရဲ့အဖေ သေဆုံး သွားခဲ့ပြီးတဲ့ နောက်မှာ လည်း ကံဆိုး မိုးမှောင် ကျမှုတွေက မရပ်တန့် ခဲ့ပါဘူး။

သူမရဲ့ အမေက သူမအဖေ ဆုံးပြီးတဲ့ နောက်မှာ အခြား ယောကျာ်း တစ်ယောက်၏ နောက်ကိုလိုက်ကာ သူမတို့ကို ထားရစ်ခဲ့ပါတယ်။ အဖေလည်းဆုံး အမေလဲ မရှိတဲ့နောက် မှာတော့ အဆို ပါ မိန်းကလေးတို့ မိသားစုမှာ အဘိုးနှင့် အဘွား (၂) ယောက်သာ ကျန်ရှိတော့ ပါတယ်။

အဘိုးနှင့် အဘွားက အလွန်အိုမင်း နေတဲ့အတွက် အလုပ်မလုပ်နိုင် တော့ပါဘူး။ ဒါ့ကြောင့် အဆိုပါ (၁၀) နှစ်အရွယ် မိန်းက လေးက အလုပ် ကြမ်း လုပ်ကာ အဘိုးနှင့် အဘွားကို ရှာကျွေးနေ ခြင်းဖြစ် ပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *