အလိုချင်ဆုံး မွေးနေ့လက် ဆောင် တောင်း ပါဆိုရင် သားဖေဖေ နဲ့ မေမေ ကိုသာ အမြန်ဆုံး ပြန်တွေ့ချင်ပါတယ်တဲ့လား ဖိုးဓီလေးရယ်

အလိုချင်ဆုံး မွေးနေ့လက် ဆောင် တောင်း ပါဆိုရင် သားဖေဖေ နဲ့ မေမေ ကိုသာ အမြန်ဆုံး ပြန်တွေ့ချင်ပါတယ်တဲ့လား ဖိုးဓီလေးရယ်

မင်္ဂလာပါ  ချစ်ပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပြေတီဦးနဲ့ အူဝဲတို့က တော် လှန်ရေး ကာလမှာပြည်သူတွေ အားလုံးရှေ့ကမားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ် ။

မတ်လ ကပြုလုပ်ခဲ့တဲ့ နွေဦးတာ် လှန်ရေးမှာပါဝင်ခဲ့တဲ့ အတွက် စကစရဲ့စာရင်းထဲ ပါဝင်ခဲ့ပီး ထွက်ပြေး တိမ်းရှောင် နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ထွက်ပြေး တိမ်းရှောင် နေစဉ်မှာလည်း သားလေးနဲ့သမီးလေးကို တွေ့ခွင့်မရခဲ့ ကြပါဘူး ။

သား သမီး တစ်ဖက်၊ ပြည်သူ တစ်ဖက် ယှဉ်လာခဲ့တဲ့ အချိန်မှာ ပြည်သူတွေကိုဘဲ ရွေးချယ် သွားခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ စကစရဲ့ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

နောက်ဆုံး အကြိမ်အဖြစ် သားနဲ့သမီး မျက်နှာလေးကို အိမ်မှာ လာရောက်တွေ့ခဲ့ရပီး အဖမ်းခံခဲ့ရတာ ပဲဖြစ်ပါတယ် ။

ဒီကနေ့ ဇွန်လ (၂၇) ရက်နေ့က ပြည်သူချစ် အနုပ ညာရှင် သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာ ကျော်ဇင်တို့ရဲ့ သားငယ်လေး ဖိုးဓီရဲ့ (၆နှစ်) ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ် ။

Happy Birthday ပါ သားလေးရေ ။

သားလေး ဖိုးဓီက ဒီကနေ့ သား မွေး နေ့ လေးမှာ သား အလိုချင်ဆုံး မွေးနေ့လက် ဆောင် တောင်း ပါဆိုရင် သားအလိုချင် ဆုံးက ဖေဖေ နဲ့ မေမေ ကိုသာ အမြန်ဆုံး ပြန်တွေချင်နေပါ ပြီ ဆိုပြီး ဝမ်းနည်းစွာ ပြောလာတာ ပဲဖြစ်ပါတယ် ။

မိဘတွေ အနားမှာမ ရှိတော့အ ရမ်းအားငယ် နေမှာအ သေချာပဲနော် ။

ဖိုးဓီလေး ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့မှစပြီးအသက်ရာ ကျော်ရှည်ပြီး၊ ဖေဖေ၊ မေမေတို့နဲ့ အမြန်ဆုံးပြန် လည်ဆုံဆည်း နိုင်ပါစေ လို့ဆု တောင်း ပေးလိုက်ပါတယ် ။

ပရိသတ်ကြီးလဲ ဖိုးဓီလေး အတွက်ဆု တောင်းပေးခဲ့ ပါအုံးနော် ။

Add a Comment

Your email address will not be published. Required fields are marked *