အလယ်တန်း အဆင့် အောင်ထား သူတွေကို နည်းပညာ အထက်တန်း ကျောင်း သင်တန်းသားအဖြစ် ခေါ်ယူဖို့ စီစဉ်နေ

အလယ်တန်း အဆင့် အောင်ထား သူတွေကို နည်းပညာ အထက်တန်း ကျောင်း သင်တန်းသားအဖြစ် ခေါ်ယူဖို့ စီစဉ်နေ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဖွင့်လှစ်မည့် အစိုးရ နည်းပညာ

အထက်တန်းကျောင်းများတွင် တက်ရောက်မည့် သင် တန်းသားများကို အခြေခံ ပညာကျောင်းများနှင့် ချိတ် ဆက် ခေါ်ယူသွားရန် ရှိကြောင်း သိရပါတယ်။

အခြေခံပညာ အလယ် တန်း အဆင့် အောင်မြင်ပြီးသူတွေဖြစ်ပြီး နည်းပညာနှင့် သက်မွေးပညာ လုပ်ငန်း သဘောတရား ကိုက်ညီ နားလည်ပါက လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

သင်တန်းကာလ ၂ နှစ် ပြီးဆုံးပါက သင်တန်းသားများကို အောင်လက်မှတ် Certificate ထုတ်ပေးသွားမည်ဖြစ်ပြီး ထူးချွန်စွာ အောင်မြင် သူများကို AGTI ပထမနှစ် သင်တန်းများတွင် တက်ရောက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ် အခြေ အနေများကြောင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ကာ အောက်တိုဘာလ အထိ ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ခုလက်ရှိတွင် အဆိုပါ ကျောင်းများကို အခြေခံ ပညာကျောင်းများနည်းတူ နိုဝင်ဘာ ၁ ရက်တွင် ပြန်ဖွင့်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်း အတာ အနေဖြင့် အစိုးရ နည်းပညာ အထက်တန်း ကျောင်းပေါင်း ၃၅ ကျောင်းရှိကြောင်း သိရပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *