အရေးတော်ပုံ မအောင်မချင်းငါအိမ်မပြန်ဘူးလို့ ပြောလိုက်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အရေးတော်ပုံ မအောင်မချင်းငါအိမ်မပြန်ဘူးလို့ ပြောလိုက်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဆရာဝန်မလေး တစ်ယောက်ဖြစ်သလို ပြည်သူ အချစ်တော် မင်းသမီး တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုက ကလေးဘဝက တည်းက အနုပညာလောကထဲကို ဝင်ရောက် လာခဲ့သူဖြစ်ပြီး ခုလက်ရှိ အသက် သုံးဆယ် အရွယ်မှာတော့ အကယ်ဒမီဆုကြီး တစ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူတဲ့ ဒါရိုက် တာ ဏကြီးနဲ့ လက်ထပ်ထားတဲ့ ပိုင်ဖြိုးသုကို အနု ပညာ အသိုင်းဝိုင်းက သုသု လို့လည်း ချစ်စနိုးနဲ့ ခေါ်ကြပါ သေးတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ဦးက အနု ပညာကို ချစ် မြတ်နိုးကြတာခြင်း တူသူတွေမို့ ဝါသ နာပါရာ အလုပ်တွေကို အကောင်းဆုံး ကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီး လမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။

အနုပညာ လောကမှာ အောင်မြင်မှုတွေ ခိုင်ခိုင် မာမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေက လတ်တလောဖြစ်ပေါ်နေတဲ့ အခြေ အနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ပြီး တစ်ထောင့် တစ်နေရာကနေ ပါဝင်လျက် ရှိနေတာကို အားလုံးလည်း သိကြမှာပါ။

ယခုလည်း ပိုင်ဖြိုးသုက သူမရဲ့ လူမှုကွန်ယက် စာမျက် နှာမှတဆင့် ယခုကဲ့သို့ ပေါက်ကွဲ ထွက်လာတဲ့ ခံစားချက်ကို ရေးသားထားတာပါ။

“ခံစားချက်ကို ဦးစားပေးခဲ့မိလို့ မှားသွားပါတယ်…

လို့ခံဝန်လေးထိုးပြီး အိမ်မှာ အေးဆေး ပြန်နေရမယ်တဲ့လား ….

မိသားစုနဲ့ ပြန်တွေ့ရမယ်တဲ့လား….

အလုပ်တွေ ပြန်လုပ်ရမယ်တဲ့လား….

တချို့တွေအသက်တွေပေးသွားကြပြီ…

တချိူ့တွေ ထောင်ထဲရောက်ကုန်ကြပြီ….

တချိူ့တွေအားလုံးကို ပစ်ချထားခဲ့ပြီး လက်နက်တွေ ကိုင်နေကြရပြီ….

သူတို့တွေ အိမ်ပြန်လို့ မရကြတော့ဘူး …

မိသားစုနဲ့လည်းကွဲကွာ ကုန်ကြပြီ….

သူတို့ချစ်တဲ့ အလုပ်‌တွေလည်း လုပ်ခွင့်မရကြတော့ဘူး….

အဲဒီ့လူတွေကိုငါရှက်တယ်….

အဖြစ်မရှိသူဆိုတဲ့ ဂုဏ်ပုဒ်‌နဲ့တင် ငါ့အတွက် လုံလောက်ပါပြီ…

သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့အကပ်မခံပါရစေနဲ့….

အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူး”

ဆိုပြီး ရေးသား ပေါက်ကွဲ ထွက်လာတာလေးကို ပရိတ်သတ်ကြီးအား ပြန်လည် မျှ ဝေပေးလိုက်ပါတယ်။

ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *