အရင်က လုပ်ကိုင်ခဲ့တဲ့ ဆက်စီ မော်ဒယ်ဘဝကို စွန့်လွတ်ပြီး အမိုက်စားဖက်ရှင်နဲ့ ပြန်လာမယ်လို့ ပြောလာခဲ့တဲ့ ကျော်ကျော်နန္ဒ

အရင်က လုပ်ကိုင်ခဲ့တဲ့ ဆက်စီ မော်ဒယ်ဘဝကို စွန့်လွတ်ပြီး အမိုက်စားဖက်ရှင်နဲ့ ပြန်လာမယ်လို့ ပြောလာခဲ့တဲ့ ကျော်ကျော်နန္ဒ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကျော်ကျော်နန္ဒက မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလလှုပ်ရှားမှုတွင် ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်

အရေးယူ ထားခံခဲ့ရပေမယ့်လည်း မကြာသေးခင် လပိုင်းလောက်က ပြစ်မှုကနေ ပြန်လည် ရုတ်သိမ်းပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ခုလက်ရှိမှာတော့ သူ့ရဲ့ နေအိမ်တွင် အေးချမ်းစွာ နေထိုင် လျက်ရှိပြီး လူမှု ကူညီရေး လုပ်ငန်းများ တစ်ပိုင် တစ်နိုင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ ချစ်ခင် မေတ္တာတွေကို အရင်ကထက် ပိုပြီး ရရှိလာတာကြောင့်လည်း ဝမ်းသာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကို လေးစား ချစ်ခင်သောအားဖြင့် အရင်က လုပ်ကိုင်ခဲ့တဲ့ Sexy မော်ဒယ် ဘဝကို အပြီးပိုင် ကျောခိုင်း လိုက်ပြီဖြစ်ကြောင်း မကြာသေးခင် နာရီပိုင်းလောက်က ကျော်ကျော်နန္ဒရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် အသိပေး ရေးသားထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ ချစ် ပရိတ်သတ်တွေကို အမိုက်စား ဖက်ရှင်များဖြင့် မြင်တွေ့ နိုင်စေဖို့ကိုလည်း ကြိုးစား သွားမည်ဖြစ်ကြောင်းကိုလည်း ပြောပြ ထားပါသေးတယ်။

အခုလို ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့အတွက် ကျော်ကျော်နန္ဒရဲ့ စိတ်ဓာတ်ကိုအားလုံးက လေးစားနေကြတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာ လှုပ်ရှားမှုများကိုလည်း အရင်ကထက် ပိုပြီးအားပေး သွားမယ်ဖြစ်ကြောင်းကိုလည်း ပရိတ်သတ်များက comment များတွင် ဝမ်းပန်း တသာ ရေးသား ထားကြတာကို မြင်တွေ့ရပါတယ်။

ကျော်ကျော်နန္ဒက နွေဦး တော်လှန်ရေးတွင် ပြည်သူတွေနဲ့ အတူ ဓမ္မဘက်က ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်တာကြောင့် ပရိတ်သတ်ရဲ့ ချစ်ခင် အားပေးမှုတွေကို ပြန်လည် ရရှိလာတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒ တစ်ယောက် အမိုက်စား ဖက်ရှင်တွေကို ချပြရင်း ဒီ့ထက်မက လူချစ် လူခင် ပေါများပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို ပြန်လည် တင်ဆက် ပေးလိုက်ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *