အရင်က ရွှေမင်းသမီးလေးဘဝနဲ့ ခုဘဝရဲ့ ကွာခြားမှုကို ကွဲပြားအောင် ပြသလာခဲ့တဲ့ ခေးဆက်သွင်

အရင်က ရွှေမင်းသမီးလေးဘဝနဲ့ ခုဘဝရဲ့ ကွာခြားမှုကို ကွဲပြားအောင် ပြသလာခဲ့တဲ့ ခေးဆက်သွင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ MRTV-4 ဇာတ် လမ်း တွဲလေးတွေကနေပြီ ပင်တဲ့ သရုပ်ဆောင်မှု တွေ

ကြောင့် အချိန် ခဏလေးအတွင်း မှာအောင်မြင် မှုတွေရရှိလာပြီး မော်ဒယ် သရုပ်ဆောင် ခေးဆက်သွင် ဖြစ်ပါတယ်။

သူမက ချစ်စရာကောင်းပြီး တည်ငြိမ် ရင့်ကျက်တဲ့ ပုံရိပ်တွေကြောင့် ယောက်ျားလေး ပရိတ်သတ်တွေ အားပေးမှုကို တစ်ခဲနက် ရထားတာ ပဲဖြစ်ပါတယ်။

မိန်းကလေး အချင်းချင်း ဆိုပေမယ့်လည်း သူမရဲ့ အလှတွေက မြင်သူ ငေးချင်စရာ ကောင်းနေတာပါ။

သူမက သူ တက်ကျွမ်းတဲ့ အနုပညာတွေနဲ့ အတူ ပရိတ်သတ်တွေ ဖျော်ဖြေမှု ရသတွေ ပေးချင်ပေမယ့်

လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာ သိမ်းလိုက်တဲ့ အချိန်မှာတော့ အိမ်မက်တွေနဲ့ ဝေးကွာခဲ့ပါတယ်။

အာဏာ ရှင်တွေကို ဆန့်ကျင့် ဆန္ဒပြရင်းနဲ့ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံ လိုက်ရပါတယ်။

အဲ့အချိန် ကတည်းက သူမက ထွက်ပြေး ပုန်းရှောင် နေခဲ့ရပြီး ခုဆို အချိန် အတော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ထွ က်ပြေး ပုန်းရှောင် နေခဲ့ရပေမယ့်လည်း လူမှုကွန်ယက် ကနေစာလေးတွေ ပုံရိပ် လေးတွေတင်ပြီး ပရိတ်သတ်တွေကို ပြသလာခဲ့ပါတယ်။

ပုန်းရှောင်ရတာ အချိန် အတော်ကြာမြင့် ခဲ့ပြီဖြစ်တာကြောင့် သူမရဲ့ မွန်းကျပ် မှုတွေကို ခုလိုပဲ လူမှုကွန်ယက်မှ တဆင့် ရေးသား လာခဲ့ပါတယ်။

အရင်ဆို အနုပညာ အလုပ်တွေမှာ အောင်မြင်လာပြီဆို ပျော်နေကျဆို ခေါင်းအုံး စွတ်လေးလျော်ထားတဲ့နေ့ နေသာ ရင် ပျော်တက်ပြီ အရင်ဆို ရောင်စုံ မီးတွေ

လူစုံတဲ့ နေရာတွေသွားနေကျ ဆို ပြတွင်းပေါက်က နေရောင် ပျပျနား တိုက်ရိုက်ထိလို ထိငြား သွားတက်ပြီ။

အရင်ဆို ဘာကငါ့ကို တိုးတက်စေမလဲ တွေးနေကျ ခုဆို ဘာက ငါ့ကိုအေးချမ်းစေမလဲ တွေးတက်ပြီ အရင်ဆို အလုပ် ပင်ပန်း လွန်းလို့ တစ်ရက်လေးအိပ်ရေး

ဝဝ အိပ်ပါရေ စညည်းနေကျ ခုဆို ညတွေမှာ ခန္ဓာနဲ့ စိတ်ရယ် အိပ်ပါတော့ကွယ်လို့ ညည်းတက်ပြီ

အရင်ဆို တပည့်တော်မ ဘဝလှပါစေ ဆုတောင်းနေကျ၊ ခုဆို ဆုတောင်းခြင်းထက် သိခြင်းသက်

သက်ရှိခိုးတက်ခဲ့ပြီဆိုပြီး သူ့ရဲ့ ဘဝအဖြစ် အပျက် အကြောင်းလေးတွေကို ဖော်ပြလာခဲ့ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *