အမ တစ်ယောက်လို လေးစား ချစ်ခင်ရတဲ့ မအူဝဲ အတွက် ဝမ်းနည်း မိတဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တဲ့ အိစိကွေး

အမ တစ်ယောက်လို လေးစား ချစ်ခင်ရတဲ့ မအူဝဲ အတွက် ဝမ်းနည်း မိတဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တဲ့ အိစိကွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အိစိကွေးက ကလေး သရုပ်ဆောင် ကနေ ပရိတ်သတ်တွ စတင်သိခဲ့ကြပြီး သရုပ်ဆောင် ပီပြင်

လွန်းလှတာကြောင့် ပရိတ်သတ်တွေရဲ့ အားပေး မှုကို အခိုင် အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။

အိစိကွေးက သရုပ်ဆောင် ကောင်းရုံတင်မကပဲ အသံအေး အေးနဲ့ တေးသီချင်းများကိုလဲ တီဆိုထားပါသေးတယ်။

အရွယ်နဲ့ မလိုက်အောင်လဲ အလှူ အတန်းတွေမှာ တက် တက် ကြွကြွပါ ဝင် ကူညီနေတာ တွေ့ရပါတယ်။

အိစိကွေးက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပါဝင်ပြီး လမ်းထွက်ကာ လူထု လှုပ်ရှားမှုတွေမှာ အားတက်သရာ ပါဝင်ခဲ့ပါတယ်။

တော်လှန်ရေးကြီးမှာ မတရား အဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သူတွေများစွာ ရှိပါတယ်။

အိစိကွေးကလဲ အကယ်ဒမီ အိန္ဒြာကျော်ဇင် ပြန်လွှတ်လာတာနဲ့ပတ်သတ်ပြီး သတင်းအမှားသာ ဖြစ်လို့ ဝမ်းနည်း နေတဲ့အကြောင်းကို အခုလို ပြောကြား လာပါတယ်။

အိစိကွေးက မအူဝဲ ပြန်လွတ်ပြီကြားလို့ ဝမ်းသာ နေတုန်းပဲ ရှိပါသေးတယ်။

သတင်းက အမှားတဲ့ဗျာ ဆိုပြီးတော့ ဝမ်းနည်းစွာ သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြ ထားပါတယ်။

မတရား အဖမ်းဆီး ခံထားရတဲ့ အိန္ဒြာကျော်ဇင်နဲ့အတူ ကျန်ရှိနေသေးတဲ့ ပြည်သူတွေ အားလုံးလည်း အမြန်ဆုံး ပြန်လွှတ် ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *