အမှိုက်ပုံးထဲကတွေ့ခဲ့တဲ့ ကလေးငယ်ကို ပြုစုပျိုးထောင်လာခဲ့တဲ့ အိမ်ခြေမဲ့ (၄၃) နှစ်အရွယ် အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အမှိုက်ကောက်ရင်းနဲ့တွေ့ခဲ့တဲ့ ကလေးငယ်ကို ပြုစုပျိုးထောင်ပေးလာခဲ့တဲ့ အိမ်ခြေမဲ့ (၄၃) နှစ်အရွယ် အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့်အကြောင်းကေတော့ တရုတ်နိုင်ငံက Xiong Jiangou အမည်ရှိတဲ့ (၄၃) နှစ် အ ရွယ် အိမ်ခြေမဲ့ အမျိုးသားတစ်ဦးဟာ အ မှိုက်ပုံးတစ်ခုမှာ ပလက်စတစ် ဘူးခွံတွေကို ရှာဖွေနေစဉ်မှာ ကလေးရဲ့ငိုသံကို ကြားခဲ့ရပါတယ်။ အဲ့ဒီအသံကိုကြားတာနဲ့ အမှိုက်ပုံးထဲကို ချက်ချင်းရှာဖွေလိုက်တော့ စောင်နဲ့ခြုံပတ်ထားတဲ့ ကလေးမလေး ကိုတွေ့ခဲ့ပါတယ်။ ထို့နောက် က‌လေးရဲ့ဘေးမှာ အောက် တိုဘာလ (၁၅) ရက်နေ့ မွေးဖွားခဲ့ဆိုတဲ့ note လေးပါတယ်။

Jiangouဟာ အဲ့ဒီက လေးမလေးကို သူ့မရဲ့မိဘတွေက သမီး မိန်းကလေးမလိုချင်လို့ ထားခဲ့တာနေမှာ ဆိုပြီး ယူဆလာခဲ့ပါတယ်။ Jiangou ကသူတွေ့ခဲ့တဲ့ ကလေးမလေးကို Yanyan ဆိုပြီး အမည်ပေးကာ သူ့ဇနီးရဲ့ တိုက်ခန်းငယ်လေးတစ်ခန်းမှာ နေထိုင်လာခဲ့ပါတယ်။ သို့ပေမဲ့လည်း Jiangou ဟာ သူ့ဇနီးနဲ့အိမ်ထောင်ရေး ပျိုပြတ်သွားခဲ့ရပါတယ်။

Yanyan အသက် (၄)နှစ်အရွယ်မှာ တရုတ်နိုင်ငံ၊ Nanchang မြို့ရဲ့ တံတားတစ်ခုအောက်မှာဘဲ Jiangouနဲ့ Yanyan တို့နှစ်ဦး နေထိုင်လာခဲ့ပါတယ်။ Jiangou က ဘယ်လိုအခြေနေဘဲဖြစ်နေပါစေ ကျွန်တော် သူမကို ကိုယ့်ခြေထောက်‌ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ ‌ကျွေးမွေးစောင့်ရှောက်မယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ကလေးငယ် အယောက်ပေါင်း (၄၀,၀၀၀) ကျော်လောက်ရှိတဲ့ တရုတ်နိုင်ငံက မိဘမဲ့ဂေဟာမှာ သူ့ရဲ့ကလေးမလေး Yanyanကို မထားရက်နိုင်တဲ့ အတွက်ကြောင့် သူရဲ့သမီးအရင်းအဖြစ် Yanyan ကို မွေးစားမယ်ဆိုပြီး ဆုံးဖြတ်လာခဲ့ပါတယ်။ Jiangou က သူမ ကျောင်းမသွားနိုင်မှာကို စိုးရိမ်ကြောင်းကျလာခဲ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ လိပ်စာ စုံစုံလင်လင်မရှိတဲ့ အတွက်ကြောင့်ပါပဲ။ Jiangou ကဘဲ သူမကို ဘယ်လိုရေးရမယ် ဖတ်ရမယ် နဲ့ သူ့ရဲ့ အခြားအိမ်ခြေမဲ့ သူငယ် ချင်းတွေ အကူ အညီတချို့ကိုယူပြီး သင်္ချာပုစ္ဆာ အခြေခံတွေကို အကောင်းဆုံးသင်ပေးလာခဲ့ပါတယ်။

Jiangouက သူငယ်ငယ်လေးကတည်းက မိဘနှစ်ပါး ဆုံးသွားခဲ့တာကြောင့် (၃) တန်းအထိဘဲ ကျောင်းတက်ခဲ့ရတာပါ။ သို့ပေမဲ့ Yanyan က ဉာဏ်ကောင်းပါတယ် သင်ယူမှုတွေကိုလည်း လွယ်လွယ် ကူကူနဲ့ လျင်မြန်စွာသင်ယူနိုင်ခဲ့ပါတယ်။ သူမ ကဗျာတွေ ဝတ္ထုတွေကို ဖတ်ရတာလည်း ဝါသနာပါတယ်လို့ Jiangou က ပြောပြခဲ့ပါသေးတယ်။

Jiangou က ဘူးခွံတွေ Plastic ခွံတွေကို ရောင်ပြီး ပိုက်ဆံရှာရတာကြောင့် တခါတလေ အစားအစာကို လုံလုံလောက်လောက်နဲ့ မစားရပေမဲ့ Yanyanက ပြသာနာလုံးဝမရှာခဲ့ပါဘူး။ Xiong Jiangou ဟာ သူ့ရဲ့ သမီးလေးကို ပံ့ပိုးပေးပြီး ပုံမုန်အလုပ်လေးနဲ့လူ့‌ ဘောင်အတွင်း ကောင်းကောင်း မွန်မွန် နေထိုင်နိုင်ဖို့ ရည်မှန်းလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းတို့ သားဖနှစ်ယောက်အပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *