အမှန်တရားရဲ့ ဘက်တော်သား တစ်ယောက်ဖြစ်ရတဲ့ အတွက် လုံးဝ နောင်တမရဘူးလို့ ထုတ်ပြောလာခဲ့တဲ့ မိတ်ကပ် မေဦး

အမှန်တရားရဲ့ ဘက်တော်သား တစ်ယောက်ဖြစ်ရတဲ့ အတွက် လုံးဝ နောင်တမရဘူးလို့ ထုတ်ပြောလာခဲ့တဲ့ မိတ်ကပ် မေဦး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မိတ်ကပ် မေဦးက အနုပညာ အသိုင်း အဝိုင်းမှာ မင်းသမီးတွေရဲ့ လက်စွဲတော် ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ မိတ်ကပ် ဖန်တီးရှင် တစ်ဦး ဖြစ်ပါတယ်။

အနုပညာရှင်တွေ များစွာရဲ့ အချစ်ကို ခံရတဲ့သူဖြစ်တဲ့အပြင် သူ့ရဲ့ အလှ ဖန်တီးမှုကို မကြိုက်သူ မရှိအောင်ကို အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ပါ။

ခုလက်ရှိ အချိန်မှာတော့ မေဦးဟာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူဖြစ်ပြီး သူ့ရဲ့ အလုပ်တွေ ပိုင်ဆိုင်မှုတွေကို အကုန်စွန့်ကာ ချစ်သူ ဟန်လင်းနဲ့ အတူ လွတ်မြောက် နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဟန်လင်းနဲ့ အတူ ဒုက္ခတွေကို အေးတူ ပူမျှ ရင်ဆိုင်ကာ သူ့ရဲ့ ခံယူချက်ကို မပြောင်းလဲဘဲ စိတ်ဓာတ် ပြင်းထန်စွာ တိုက်ပွဲ ဝင်နေတယ်လို့ဆိုရမှာပါ။

ဒီနေ့ ညမှာလည်း ”နောင်တရလားမေးရင် ? လုံးဝ နောင်တမရပါဘူး။

ခုဖြစ်ပျက်နေတဲ့ အခြေ အနေတွေကနေပြီး ကိုယ်မသိသေးတဲ့ အရာတွေကို သင်ယူ လိုက်နိုင်ရတယ်။

ရိုးသားပြီးလူသားဆန်တဲ့ ကရင် လူမျိုးတွေနဲ့ မိသားစု ဖြစ်ခွင့်ရခဲ့တဲ့ အပြင် Finally အမှန် တရားကို အရင်ထက် မြတ်နိုးပြီး အမှန် တရား ဘက်မှာ ရပ်ခွင့်ရတဲ့ လူသား ဖြစ်ခွင့်ရခဲ့တယ်။

ဟုတ်ကဲ့ ကျွန်တော် ဘယ်တော့မှ နောင်တ မရပါဘူး” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ ရပ်တည်ချက်တွေ အမှန်တရား ဘက်မှာပဲ ရပ်တည်မယ်လို့ ကြွေးကြော်ကာ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့တာပါ။

ပရိတ်သတ်တွေကလည်း မေဦးရဲ့ ခံယူချက်ကို သ ဘောကျ အားပေးရင် မှတ်ချက် တစ်ခုခုပေးခဲ့ပါဦးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *