အမွေရခဲ့တဲ့ စောင်အစုတ် (၂)ထည်ကြောင့်သန်းကြွယ် သူဌေးဖြစ်ခဲ့တဲ့ အမျိုးသား (အပြည့်စုံဖတ်ရန် ပုံကိုဖတ်ကြည့်ပါ)

အမွေရခဲ့တဲ့ စောင်အစုတ် (၂)ထည်ကြောင့်သန်းကြွယ် သူဌေးဖြစ်ခဲ့တဲ့ အမျိုးသား

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ လွန် ခဲ့သော (၂၀၀၇) ခုက Loren Krytzer အမည်ရှိတဲ့ အမျိုးသား တစ်ဦးက ကားမတော်တဆမှုကြောင့် ခြေထောက်တဖက် ဆုံးရှုံးခဲ့ရပြီးမသန်မစွမ်းဘဝဖြစ် ကာဒီအကြောင်းကြောင့်ပဲ လက်ရှိ အလုပ်ကပြုတ်ခဲ့ရပြီး အလုပ် လက်မဲ့ဖြစ်ခဲ့ရသလို သူ့ရဲ့ဆေးရုံစရိတ်တွေ ကြောင့် သူ့မိသားစုအနေနဲ့ထိုအချိန်က ငွေ ကြေးအလွန် ခက်ခဲနေခဲ့ရပါတယ်။

သူဒီလိုဖြစ်ပျက် နေတဲ့တချိန်တည်းမှာပဲ သူ့အဖွားက သေဆုံးသွားတဲ့အတွက် အဖွားကိုသူကတိပေးထားတဲ့အတိုင်း အဖွားရဲ့စာအုပ်များကို စုဆောင်းပြီး သိမ်းဆည်းရန်အတွက် သူ့အိမ်သို့သွားခဲ့တယ်။ သူအိမ်ကို ရောက် တဲ့အချိန်မှာတော့ အစ်မနှင့်အမေက အဖွားရဲ့ကျန်ရစ်တဲ့ ပစ္စည်းတွေထဲမှ ကောင်းသောအရာတိုင်းကို အစောထဲက လုယူပြီးသားဖြစ်လို့နေခဲ့ပါတယ်။

သူ့အတွက်အနေနဲ့ အဘိုးနဲ့အဖွားတို့လက် ထက်ထဲက အသုံးပြု လာကြတဲ့ စောင်လေးနှစ်ထည်ကို အိတ်ထဲထည့်ပြီး သူ့ရှေ့ကို အစ်မဖြစ်သူကပစ်ချပေးလေတယ်။ စောင်နှစ်ထည်မှာ တစ်ထည်ကနူးညံ့ပျော့ ပျောင်းသော Hudson’s Bay အမှတ်တံဆိပ်စောင်တစ်ထည်နဲ့ နောက်တစ်ထည်က သူ့အဖွား မွေးထားသောကြောင် ပေါက်စလေးတွေ အိပ်ရန် အိပ်ယာအဖြစ်အသုံးပြုခဲ့တဲ့ စောင်ဟောင်းတစ်ထည်တို့ပဲ ဖြစ်ပါတယ်။

အဖွားရဲ့အမွေအနေနဲ့ သူ့ရဲ့မောင်နှမမိသားစုဝင်ထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ မလိုချင်ကြတဲ့ စောင် အဟောင်းနှစ်ထည်ကို အမွေအဖြစ်နဲ့ သူဆက်ခံရရှိခဲ့ ပါတယ်။ ဒီလောက် ညစ်ပတ်ပေရေပြီး ဟောင်းနွမ်းနေတဲ့စောင် ကို ငါတော့မလိုချင်ဘူးလို့ အစ်မနဲ့မိခင်ဖြစ်သူတို့ရဲ့ ပြောခဲ့တဲ့စကားကို သူသတိရပြီး ပြောပြလာခဲ့ပါတယ်။

မသန်မစွမ်းဖြစ်ပြီးနောက်ဆုံးတွင် ဇနီးဖြစ်သူ Lisa နဲ့ အတူ ကာလီဖိုးနီးယားပြည်နယ်၊ Palmdale အနီးရှိ မိတ်ဆွေတစ်ဦးရဲ့ အိမ်ငယ်လေးတစ်လုံးသို့ သူတို့ ပြောင်းရွှေ့နေ ထိုင်ကြရန် ဆုံးဖြတ်ခဲ့ပြီး ငှါးရမ်းခကိုလဲ ဒေါ်လာ (၇၀၀) အထိ လျှော့ချပေးခဲ့လို့ သူတို့လင်မယားအတွက် ဒေါ်လာ (၂၀၀) ခန့် လက် ကျန်ရှိခဲ့ပါတယ်။

(၂၀၁၁) ခုနှစ်မှာတော့ Lorenက Antiques Roadshow လို့အမည်ရတဲ့ ရုပ်သံအစီအစဉ် ပြပွဲတစ်ခု ရဲ့ အပိုင်းတွဲကို ကြည့်ရှုနေခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အမျိုးမျိုးသော ရှေး ဟောင်းပစ္စည်းတွေကို အများအပြားပြသသွားတာကို စိတ်ဝင်စားမှုသိပ်မပါပဲ သူထိုင်ကြည့်နေခဲ့ပေမယ့် ဒီပစ္စည်းတွေအများကြီးထဲမှ တစ်ခုသောအရာက သူ့ကို လုံးဝရှော့ရသွားစေတဲ့အထိ ဆွဲဆောင်လိုက်ပါတော့တယ်။

ထိုအရာဝတ္ထုတစ်ခုကတော့ သူ့အဖွားဖြစ်သူရဲ့အမွေ အဖြစ်ရရှိခဲ့တဲ့ ဘယ်သူမှ မလိုချင်ကြတဲ့ ညစ်ပက်နေတဲ့ စောင်တစ်ထည်ဟာ ရက်အင်ဒီယန်း လူမျိုးတွေရဲ့ မူလပထမ လက်ရာ Navajo လို့ခေါ်တဲ့ရှားပါး စောင်တစ်ထည်ဖြစ်ပြီး ဒီစောင်တစ်ထည်ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ (၅) သိန်းခန့်တန်ဖိုးရှိကြောင်း ဖော်ပြသွားတာကို မြင်တွေ့လိုက်ရတဲ့အတွက် သူအရမ်းတုန် လှုပ်သွားခဲ့ရပါတယ်။

အာ့ဒါနဲ့သူလည်းငါ TV အစီအစဉ်ကြည့်တာ ခဏရပ်လိုက်တယ်။ ပြီးတော့ စောင်ကိုသွားယူပြီးသေချာကြည့်တယ်။ တီဗွီထဲက စောင်မှာပါတဲ့အစင်းကြောင်းတွေနဲ့ ငါ့စောင်မှာပါတဲ့အစင်းတွေနဲ့ တူနေတာ သေ ချာလားဆိုပြီး စစ်ဆေးခဲ့တယ်။ အစင်းတွေ ကိုက်ညီမှုရှိမရှိ ကြည့်တယ်လို့ Loren ပြန်ပြောလာခဲ့ပါတယ်။

ဒီလိုစစ်ဆေးပြီးတာနဲ့ TV မှာပါတဲ့စောင်နဲ့ သူ့စောင်ဟာ အကုန်လုံးနီးပါး တူညီနေကြောင်း သူ သေချာသဘော ပေါက်လိုက်ပါတော့တယ်။ Krytzerဟာ မိခင်ဖြစ်သူရဲ့ အိမ်ကိုသွားရောက်ခဲ့ပြီး သူ့အမေအား ထိုဗီဒီယိုကို ပြသခဲ့ပါသေးတယ်။ ထိုအခါ မိခင်ဖြစ်သူကအင်း ဟုတ်ပါတယ် ကောင်းတယ်။

ဒါပေမယ့် ဘယ်သူမှမင်းကို ဒီဟာအတွက်နဲ့ (၁၀) ဒေါ်လာတောင် ပေးမှာမဟုတ်ဘူးလို့ ပြန်ပြောလာခဲ့ပါတယ်။ ပထမဆုံးရှေး ဟောင်းပစ္စည်းရောင်းဝယ်ဖေါက်ကား သူကုန်သည်များကို ဆက်သွယ်ရန် Krytzer အနေနဲ့က အလှမ်းဝေးခဲ့ပါတယ်။

ဒါနဲ့ Online မှာ ရှာဖွေရင်းနဲ့ စိတ်ပျက်စရာလူတွေနဲ့လည်းကြုံတွေ့ခဲ့လာရပြီး သူ့ရဲ့ နောက် ဆုံးကြိုးစားတဲ့ အနေနဲ့ ဌာနေ အမေရိကန် တိုင်းရင်းသားများရဲ့ ရှေးဟောင်း ပစ္စည်းများကို ရောင်းဝယ်ရာတွင် နာမည် ကြီးသော ဒေသခံ မိသားစုပိုင် လေလံကုမ္ပဏီဖြစ်တဲ့ John Moran Auctioneers သို့ ဆက်သွယ်လာခဲ့ပါတယ်။

အဆက်သွယ်ရပြီးနောက် Krytzerဟာ မိနစ် (၃၀) ကြာ ကားမောင်းပြီး လေလံတင်ရောင်းချခဲ့တဲ့ အကြီးဆုံး ဈေးတစ်ခုဖြစ်တဲ့ Moran ကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်သူ Jeff Moran ရှေ့တွင် သူ့စောင်ကို ချထားခဲ့ပါတယ်။

စောင်နဲ့ပတ်သတ်တဲ့ ပိုင်ဆိုင်သူ သမိုင်း ကြောင်းကို မေး ရာတွင် Krytzer က ဒီစောင်ဟာ သူ့အဖိုးရဲ့အဘိုးဖြစ်သူ (great great grandfather ) Dakota မှ ကုန်သည်ကြီး John Chantland, ဆိုသူလက်ထက် (၁၈၀၀) ခုနှစ်ခန့်မှ ပိုင်ဆိုင်လာခဲ့သော စောင်ဖြစ် ကြောင်း ပြန်လည်ဖြေ ကြားလာခဲ့ပါတယ်။

Moran ဟာ စောင်ကို အထပ်ထပ် စစ်ဆေးစမ်းသပ် ခဲ့သလို လေ့လာအကဲဖြတ်သူတစ်ဦးဖြစ်ပြီး အထူးကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်သော Joshua Baerက ဒီစောင်ဟာ ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အရှားပါးဆုံးဖြစ်သော နယ်ဗာဟိုဒေသ အကြီး အကဲရဲ့ စောင်များထဲမှတစ်ခုဖြစ်သည်ဟု အတည်ပြုပြောကြား လာခဲ့ပါတယ်။

လေလံပွဲသည် (၇၇) စက္ကန့်သာကြာမြင့်ခဲ့လေတယ်။ Krytzer ရဲ့ စောင်ကို တင်ဒါဈေးနှုန်းဒေါ်လာ (၁၅၀,၀၀၀) ဖြင့် စတင်ခဲ့ပြီး ထိုမှတဆင့် ဒေါ်လာ (၅၀၀,၀၀၀) ထို့နောက်မှာ (၁) သန်းအထိမြင့်တက်ကာ နောက်ဆုံး လေလံအတွက် ဒေါ်လာ (၁.၅) သန်းဖြင့် လေလံ အောင်မြင်လာခဲ့ပါတော့တယ်။ အခွန်အခ ကြေးငွေများရှင်းအပြီးတွင် Krytzer က စောင်တစ်ထည်အတွက် ဒေါ်လာ (၁.၃) သန်းရရှိခဲ့ပါတယ်။

ဒီနောက်မှာတော့ ခြေထောက်ကျိုးပြီး အ လုပ်မရှိ အလုပ်လက်မဲ့ဖြစ်ခဲ့ရသလို သူ့ခလေးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အပါအဝင် ငွေကြေးလိုအပ် နေမှုတွေကြောင့် စိတ်ဓါတ်တွေကျနေတဲ့ Loren Krytzerက ကယ်လီဖိုးနီးယားရှိ လေလံပွဲခန်းမထဲ ကို သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။

ဒီတော့ ဘိုးဘွားမိဘတွေရဲ့ အမွေအနှစ်ဆိုတာ ရထိုက်ခံစား ထိုက်သော သူမှသာ ခံစား စံစားကြရပါတယ်။ အခုလို ဝင်ရောက် ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကျန်း မာပျော်ရွှင်သော နေ့ရက်များကိုသက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ ဆု တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *