အမျိုးသမီးတွေနဲ့သူ့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ထုတ်ကြွားခဲ့လို့ ရဲတွေဆီကနေ စစ်ဆေးမေးမြန်းခံခဲ့ရတဲ့ ဂူအောင်းအမျိုးသားတစ်ဦးရဲ့အဖြစ်

အမျိုးသမီးတွေနဲ့သူ့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ထုတ်ကြွားခဲ့လို့ ရဲတွေဆီကနေ စစ်ဆေးမေးမြန်းခံခဲ့ရတဲ့ ဂူအောင်းအမျိုးသားတစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ထိုင်းနိုင်ငံ Koh Phangan ရှိဂူထဲမှာ နေထိုင်တဲ့ Chatu poom Losiri အမည်ရှိတဲ့ အမျိုးသားတစ်ဦးကို Online ပေါ်မှာ Cave Man (2018) လို့လူသိများကြပါတယ်။

Losiri က မကြာသေးခင်က သူရဲ့ Facebook post မှာ ရုရှား အမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး သူရဲ့နှိမ့်ချတဲ့နေအိမ်သို့ ဖိတ်ကြားခဲ့တဲ့အကြောင်းကို ပြောပြပြီးနောက် သူ့ရဲ့ဘဝပုံစံအကြောင် က ဒေသခံတွေအကြား ရေပန် းစားလာခဲ့ပြီး ရဲတွေက အခြေအနေကိုသိရဖို့ သူ့အား စစ်ဆေးမေးမြန်းခဲ့ပါတယ်။

Coconuts Media အရ Losiri က ကျွန်တော် စက်ဘီးစီးနေတုန်း အဲ့ဒီရုရှားမလေးကို မြင်လိုက်တော့ သူ့ကို ငါက စက်ဘီးစီးပြီး အိမ်ပြန်မလို့ပါ ဒါပေမဲ့ မင်းရဲ့အလှကြောင့် ငါ နောက်ပြန်ဆုတ်လာခဲ့တာ ငါမင်းနဲ့စကား ပြောချင်နေခဲ့တာ မင်းရဲ့ အတွင်းစိတ်အလှကိုလည်း သိချင်နေခဲ့တာလို့ သူ့ကို ပြောတော့ သူက ရှက်သွားခဲ့တယ်။

ကျွန်တော်တို့စကားပြောရင်းနဲ့ သူကရုရှားကမှန်းသိခဲ့ရတယ်။ အဲ့တာနဲ့ ကျွန်တော်က ငါတို့ အေးဆေးထိုင်ပြီးစကားပြောဖို့ တစ်နေ ရာရာသွားအောင်လို့ပြောခဲ့ပါတယ်။

သူစိမ်းဆီကနေ ပိုးပန်းခံခဲ့ရပြီးနောက် ရုရှားမလေးက တွန့်ဆုတ်နေခဲ့ပေမဲ့လည်း စကားအတော်ကြာကြာပြောပြီးနောက် သူမရဲ့ယုံ ကြည်မူကို Losiriက အရယူနိုင်ခဲ့ပြီး သူ့ရဲ့ဂူဆီသို့ အလည်ခေါ်လာခဲ့ပါတယ်။ Losiri နှင့် ရုရှားမလေးတို့ရဲ့ အချစ်ဇာတ်လမ်းက တိုးတက်လာခဲ့ပေမဲ့လည်း Losiri ဟာ သူမကို နမ်းတောင်မနမ်းခဲ့ကြောင်း ပြောခဲ့ပါတယ်။

အချို့လူတွေက Losiri ကို သူတို့ရဲ့စံပြပုဂ္ဂိုလ်လို့ ခေါ်ကြပေမဲ့လည်း လူအများစုက သူ့ကို ကျောချမ်းစရာကောင်းတဲ့ သူအဖြစ် သတ် မှတ်လာခဲ့ပါတယ်။ ထို့နောက် နာရီအနည်း ငယ်အကြာမှာ Losiri က သူ့ရဲ့အိပ်ရာပေါ်မှာ အိပ်နေတဲ့ အခြားအမျိုးသမီးတစ်ဦးရဲ့ ဓာတ် ပုံတစ်ပုံကို တင်လာခဲ့ပါတယ်။

Losiri က သူနှင့်ရုရှားမလေးတို့ရဲ့ ဇာတ် လမ်းအကြောင်းက onlineမှာ လူသိမများခင်ကတည်းက သူ့ရဲ့ဂူထဲသို့ ဖိတ်ကြားခဲ့တဲ့ အနောက်တိုင်း အမျိုးသမီးအများစုရှိတဲ့အကြောင်းကိုလည်း ရေးသားလာခဲ့ပါတယ်။

နောက်ပိုင်းမှာ အာဏာပိုင်တွေက Losiri က မည်သည့်ဥပဒေကိုမှ ချိုးဖောက်ခြင်းမရှိကြောင်း ဝန်ခံဖြေရှင်းခဲ့ပြီး ၎င်း အမျိုးသမီးများကလည်း Losiri ကို တိုင်ကြားခြင်း မရှိခဲ့ကြောင်း ပြောလာခဲ့ပါတယ်။

Losiri က သူဘာမျှမမှားခဲ့ကြောင်းနှင့် သူ့ရဲ့ဂူထဲသို့ လာရောက်လည်ပတ်တဲ့ အမျိုးသမီးများအား လုံးက သူတို့ဆန္ဒအလျောက် ပြု လုပ်ခဲ့တယ်လို့လည်း ခိုင်ခိုင် မာမာ ပြောပြလာခဲ့ပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အမျိုး သားအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *