အမေ့ရဲ့ မိတ်ဆွေကောင်းပီသတဲ့ မွန်ဂိုလီးယားနိုင်ငံ သမ္မတဟောင်းမှ မြန်မာပြည်သူများသို့ပေးစာ

အမေ့ရဲ့ မိတ်ဆွေကောင်းပီသတဲ့ မွန်ဂိုလီးယားနိုင်ငံ သမ္မတဟောင်းမှ မြန်မာပြည်သူများသို့ပေးစာ

မွန်ဂိုလီးယားနိုင်ငံ သမ္မတကြီး(သမ္မတဟောင်း) က မြည်မာနိုင်ငံသားတွေကိုအား ပေးထားတဲ့ လေးနက်တဲ့ စာတစောင်ကို ဘာ သာပြန်ပေးလိုက်ပါတယ်။

“ချစ်ခင်ရတဲ့ လွတ်မြောက်မှုကိုမြတ်နိုးတဲ့ မြန်မာမိတ်ဆွေများခင်ဗျာ၊

ကျွန်တော်ကတော့ အယ်ဘဂ်ဒေါ့ဂ်ျ ဖြစ်ပြီး မွန်ဂို လီးယားကနေ ပြောနေတာပါ။ အဆွေတို့ဟာ အဆွေတို့ချည်းပဲ တိုက်ပွဲဝင်နေရတာ မဟုတ်ပါဘူး။

အဆွေတို့ရဲ့ လွတ်မြောက်မှုအတွက် တောင်းဆိုသံဟာ သေနတ်သံတွေထက်ပိုကျယ်လောင်တဲ့အတွက် အဆွေတို့ရဲ့လူ့အခွင့် အရေးကို အဆွေတို့ထံကလုယူသွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

အဆွေတို့ရဲ့ လွတ်မြောက်မှုကို ပြန်လည်ရရှိဖို့ကြိုးစားမှုတွေကိုမြင်ရတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မြန်မာလူမျိုး တယောက်လို့ ခံစားလိုက်ရပါတယ်။ ကျွန်တော် ပုံပြင်တိုလေး တပုဒ်ပြောပါရစေ… အဆွေတို့ရဲ့ လွတ်မြောက်မှုရဲ့ မိခင်ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ မှာ မွန်ဂိုလီးယားကို လာလည်ခဲ့ပါတယ်။

အဲ့ဒီတုန်းက သူမနဲ့ ကျွန် တော် ကိုယ့်လူမျိုးတွေအတွက် ခက်ခက်ခဲခဲရလာတဲ့ လွတ် မြောက်မှုအကြောင်းနဲ့ ကျွန် တော်တို့နိုင်ငံတွေရဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ကျွန်တော်ကသူမကို ကျွန်တော့်အမ ဖြစ်နိုင်မလားလို့ မေးခဲ့ပါတယ်။ ကျွန်တော်ပြောခဲ့တာက “ ကျွန်တော်မှာညီအကို ၇ ယောက်ရှိတယ် အမမရှိဘူး၊ ကျွန်တော့် အမဖြစ်ပေးပါ ” လို့ပြောတော့ သူက ” ကောင်းပါပြီ၊ သင်ဟာကျွန်မရဲ့ မောင်လေး”ပါလို့ ပြန်ဖြေပေးခဲ့ပါတယ်။ ကျွန်တော့်အမဟာ သူ့ဘဝထက် သူ့နိုင်ငံကို ပိုချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူမဟာ စိတ်သဘောကောင်းပြီး၊ ဂရု တစိုက်ရှိတဲ့ သူတယောက်ပါ။

သူမရဲ့ပြည်သူတွေအတွက် သူမဘယ်လို အခက်အခဲတွေ ဖြတ်ကျော်ခဲ့တယ်ဆိုတာ သိတဲ့သူများပေမယ့် ဘယ့်လောက်လေးလံမှုတွေကို တကယ်ထမ်းဆောင်နေခဲ့တယ်ဆိုတာကိုတော့ သိတဲ့သူနည်းခဲ့ပါတယ်။ ခုတော့လူသားမျိုးနွယ်တခုလုံးက ဘယ်လိုခက်ခဲမှုတွေကို မြန်မာလူမျိူးတွေ ရင်ဆိုင်နေရတယ် ဆိုတာကို အများကြီးပိုပြီး သဘောပေါက် သွားကြပါပြီ။

လွတ်မြောက်မှု ဆိုတာဟာ စဉ်ဆက်မပြတ် သင်ယူရတဲ့ ဖြစ်စဉ်တခုပါ။ လွတ်မြောက်မှု ဆိုတဲ့နေရာမှာ တခါတရံ မှားတာဟာလည်း အဆွေတို့ရဲ့ အခွင့်အရေးပါပဲ။ ချစ်ခင်ရတဲ့ မြန်မာပြည် သူများခင်ဗျာ၊ ကျွန်တော်သ တင်း စကားတခုပေးချင်ပါတယ်။

အဆွေတို့ရဲ့ လွတ်မြောက်မှုတိုက်ပွဲကို အနားမယူလိုက်ပါနဲ့ဦး။ အဆွေတို့ တကယ် လွတ် မြောက်မလား၊ မလွတ်မြောက်ဘူးလား ဆိုတာကို သန်းထောင်ပေါင်းများစွာသော ကမ္ဘာသူ ကမ္ဘာသားတွေက အဆွေတို့ကို စောင့်ကြည့်နေပါတယ်။

ကမ္ဘာကြီးကလဲ စစ်အာဏာရှင် တစုရဲ့ တရားမဝင်မှု၊ ကျင့်ဝတ်သိက္ခာကို အကြိမ် ကြိမ် ချိုးဖောက်မှုတွေကို သိပါတယ်။ လွတ်မြောက်ခြင်းက လွယ်ကူတဲ့ရွေးခြယ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ရွေးခြယ်မှုပါ။

ယခုလိုမြန်မာ လူငယ် မျိုးဆက်သစ်တွေ အများကြီးက တိုင်းပြည်ရဲ့ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေကြတာ ကျွန်တော်ဝမ်းသာပါတယ်။ မြန်မာဟာကျရှုံးလို့မဖြစ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ အောင်မြင်မှုက တစ်ကမ္ဘာလုံးအတွက် အရေးကြီးပါတယ်။

မြန်မာပြည်သူတွေနဲ့ ကျွန်တော့်အမ ဒေါ်စု အောင်မြင်ပြီးလွတ်မြောက်မှုပြန်လည်ရရှိဖို့ ကျွန်တော်ဆုတောင်းနေပါတယ်။ မွန်ဂို ဘာသာမှာ စု ဆိုတာ နွားနို့ ပါ ။

ကျွန်တော်တို့မွန်ဂိုတွေဟာ နို့ကို သဘာ ဝတရားကြီးပေါ် ဖြန့်ပက်ပြီးလူ သားတွေ အား လုံးအတွက် အကောင်းဆုံးတွေ ဖြစ်စေဖို့ ဆုတောင်းလေ့ရှိပါတယ်။

အခုအဆွေတို့ထံကို နို့တွေဖြန့်ပက်ပြီး လွတ် မြောက်မှုနဲ့ ပြည့်စုံကြွယ်ဝမှု တွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….။” မွန်ဂိုလီးယားနိုင်ငံသမ္မတကြီး (သမ္မတဟောင်း) / အယ်ဘဂ်ဒေါ့ဂ်ျ

Tags:

Add a Comment

Your email address will not be published. Required fields are marked *