အမေစုရဲ့ (၇၆) နှစ်ပြည့်မွေးနေ့မှာ အလေးအနက်ထား ဆုတောင်းလာခဲ့တဲ့ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်

အမေစုရဲ့ (၇၆) နှစ်ပြည့်မွေးနေ့မှာ အလေးအနက်ထား ဆုတောင်းလာခဲ့တဲ့ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ဇွန်လ (၁၉) ရက်နေ့ဟာ ပြည်သူတွေ ချစ်ကြတဲ့ အမေစုရဲ့ မွေးနေ့ နေ့ထူးနေ့မြတ်လေးပဲ ဖြစ်ပါတယ် ။

အမေစုက စကစ ဘက်မှ ဖမ်းဆီးထားတာကြောင့် နေအိမ်မှာ အကျယ် ချုပ်ဘဝနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ် ။

သူ့ရဲ့ နေစရိတ် စားစရိတ်တွေကိုလည်း စကစထံမှ မယူလိုတာကြောင့် ရှေ့နေမှ တစ်ဆင့် တောင်းခံခဲ့တဲ့ အာဂ အမျိုးသမီး တစ်ဦးပါပဲနော် ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကိုတော့ ထူးထူး ခြားခြား နေရွှေသွေးအောင်မှ ဆုတောင်းပေးတာကို တွေ့ရပါတယ် ။

ေနရွှေသွေးအောင်က မြန်မာနိုင်ငံကို နှစ်ပေါင်း (၄၀) ကျော် အုပ်ချုပ်လာခဲ့တဲ့ ဦးသန်းရွှေရဲ့ မြေးဖြစ်ပါတယ် ။

လူငယ် ဘဝက အရမ်းကို ဆိုးသွမ်းခဲ့ပြီး လူတိုင်းအပေါ် ဗိုလ်ကျလာတဲ့ နေရွှေသွေးအောင်က အခုချိန်မှာတော့ လူကြီး လူကောင်းပုံစံသို့ ပြောင်းလာခဲ့ပါပြီ ။

အရင်နှစ်တွေကလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့တိုင်း သဝဏ်လွှာပေးပို့ခဲ့သူလည်း ဖြစ်ပါတယ် ။

သူ့စိတ် အတွင်းပိုင်းထဲမှာ ဘယ်လိုပုံစံနဲ့ ဒီလိုတွေ လုပ်နေတယ်ဆိုတာတော့ ကာယကံရှင် ကိုယ် တိုင်ပဲ အသိဆုံး ဖြစ်မယ် ထင်ပါတယ် ။

ပရိတ်သတ်ကြီး အားလုံးလည်း နိုင်ငံ့ခေါင်းဆောင်ရဲ့ မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပါဦးနော် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *