အဖေ့ ဆံပင်ကတော့ ပြန်ဖြူလာဦးမှာပဲ ဆေးဆိုးပေးမယ့်သမီးလေးက အဖေ့အနားမှာမရှိတော့ဘူး ခုတော့အသိုက်မြုံတွေ ပျက်ဆီးကုန်ပြီ

အဖေ့ ဆံပင်ကတော့ ပြန်ဖြူလာဦးမှာပဲ ဆေးဆိုးပေးမယ့်သမီးလေးက အဖေ့အနားမှာမရှိတော့ဘူး ခုတော့အသိုက်မြုံတွေ ပျက်ဆီးကုန်ပြီ

ကဲ ပရိတ်သတ်ကြီးရေ ဘယ်လူတွေ သူ့လောက် သတ္တိရှိမလဲ ? မြန်မာပြည်ကြီးအတွက် သူမ သတ္တိရှိရှိ အသက်ပေးသွားခဲ့ရတယ်။ မိန်းကလေး တစ်ယောက်ဖြစ်ပေမဲ့ သူမ သတ္တိ ကတော့ ဗိုလ်ချုပ်သတ္တိပါဘဲ တကယ်လေးစား စိတ်မကောင်းဖြစ်ရပါတယ် ညီမလေး God bless

R.I.P ဒီနေ့ကြွေလွင့်ခဲ့တဲ့ Angel က သွေး မျက်ကြည်လွှာ ခန္ဓာတစ်ခုလုံးကို လှူဒါန်းခဲ့ပါတယ်။ ယနေ့ မန္တလေးမြို့ (၈၄) လမ်းနှင့် လမ်း (၃၀) တွင် ပစ်ခတ်မှုကြောင့် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့သော မကြယ်စင်မှာ အ သက် (၁၉) နှစ်သာ ရှိသေးတဲ့ မန်းလေး အေး အေးမြင့်ဆံပင်ညှပ်ဆိုင်က တစ်ဦးတည်း သောသမီးဖြစ်ကြောင်း သိရပါတယ်။

သူမ မသေဆုံးခင်က သွေး မျက်ကြည်လွှာ ခန္ဓာရဲ့မည်သည့် အစိတ် အပိုင်းမဆို လှူမည့်အကြောင်း သွေးအမျိုးအစားနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရေးသားပြီး “စာရွက် စာ တမ်း နဲ့ ဆိုရင်တောင် angel အသက်သေမှ

ာ လှူခွင့်ရမှာ တကယ်လိုအပ်ခဲ့ရင် angel အသက်မသေလဲ အသေခံပြီး angel လှူပါတယ်” လို့ ဖေ့ဘုတ်မှာ ရေးသားထားခဲ့တာကို တွေ့ရလို့ ပြည်သူများက လွန်စွာ ဝမ်းနည်းနေကြပါတယ်။

ဆရာမကြယ်စင် အသက် (၁၉) နှစ် IT Queenသင်တန်း MU သပိတ်စစ်ကြောင်း မန္တလေး လမ်း ၃၀× ၈၄လမ်း စစ်ကြောင်း စနိုက်ပါထိတာ (၁၉) နှစ်အရွယ်လေးပါဆုံးသွားပါပြီ။

ပြောစရာ စကားလုံးမရှိတော့အောင် ကြေကွဲရပါတယ်။ ငယ်ရွယ် သွက်လက်တဲ့ ဆရာမမို့ အရမ်းနှမျောရပါတယ်။ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူပါ ညီမဆရာမလေးရယ်။

ဆရာမတို့ သင်တန်းမှ ဆရာ ဆရာမများအားလုံးနှင့် သင်တန်းသား သူများအားလုံးမှ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းဂုဏ်ယူပါတယ်။

မျက်ရည်များစွာဖြင့် ကျွန်တော်တို့ အမြဲသ တိရဆုတောင်းပေးပါ့မယ်။ ဒီအဖေမှာ ဒီသ မီးလေးတစ်ယောက်ပဲရှိတာ အဖေ့ရဲ့ကမ္ဘာလေး‌တဲ့ ခုတော့အသိုက်မြုံတွေ ပျက်ဆီးကုန်ပြီ။ Credit

Add a Comment

Your email address will not be published. Required fields are marked *