အဖိုးက mask မတပ်ထားတာတွေ့လို့ mask သွားပေးရင်း အဖိုးနဲ့ စကားပြောမိတဲ့ အခါ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အဖိုးက mask မတပ်ထားတာတွေ့လို့ mask သွားပေးရင်း အဖိုးနဲ့ စကားပြောမိတဲ့ အခါ

ကဲ ပရိတ်သတ်ကြီးရေ အဖိုးက maskမတပ်ထားတာ တွေ့တာကြောင့် maskသွားပေးရင်းနဲ့ အဖိုးနဲ့ စကားလက်ဆုံ ကြဖြစ်ခဲ့တာပါ။ အဖိုးရဲ့ ဖိနပ်ဆိုင်လေး ပြန်ဖွင့်တာ ၃ ရက်ရှိပါပြီတဲ့။ အဖိုးဟာ Maskမတပ်ထားတာ တွေ့လို့ Maskသွားပေးရင်းနဲ့ အဖိုးနဲ့ စကားပြောဖြစ်ခဲ့တာပါ။

အဘိုး ဘာလို့ Maskမတပ်တာလဲလို့ မေးလိုက်တော့ အဘိုးဟာ သူရဲ့ဘေးမှာချထားတဲ့ အိမ်တွင်းလုပ် နှာခေါင်းစည်းလေးကို ပြရင်းနဲ့ နားရွက်တွေနာလို့ ခဏချွတ်ထားလို့ ဆိုပါတယ်။

အိမ်မှာချုပ်တာဆိုတော့ ဘယ်နေရာလိုသွားလို့လဲ မသိဘူး တပ်ရတာနားရွက်နာတယ်တဲ့။ ငါ့မြေးလာပေးတဲ့ နှာခေါင်းစည်းမျိုး ကြတော့လဲ အဖိုးဝယ်ပြီးတပ်နိုင်ပါဘူးကွယ်။ အဘိုးရဲ့ စကားဆုံးသွားချိန် ခင်းထားတဲ့ ဖိနပ်တွေကိုကြည့်လိုက်တော့ တစ်ခုခုလိုနေသလို ခံစားမိလိုက်ရပါတယ်ဗျာ။

အရင်ကဆို မိုးကာနဲ့အပြည့် ဖိနပ်တွေကို ခင်းထားတာပါတဲ့။ အခုတော့ မိုးကာအပြည့် မခင်းနိုင်တော့တဲ့အပြင်ကို ဒီဖိနပ်တွေက နောက် ဆုံးလက်ကျန် ဖိနပ်တွေဆိုတာကို သိလိုက်ရတာပါ။ သင်္ကြန် မတိုင်ခင်ကတည်း က ဆိုင်ပိတ်လိုက်ရတာ စားစရာမရှိတော့လို့ နောက်ဆုံးကျန်တဲ့ ဖိနပ်တွေနဲ့ ဆိုင်ပြန်ဖွင့်တာ ဖိနပ်အသစ်တွေပြန်လုပ်ဖို့ ပစ္စည်းတွေက မန်လေးမှာကိုယ်တိုင်သွားဝယ်ရတာတဲ့။

အခုကားခဟာ အသွားအပြန် သုံးသောင်းလောက်ဆိုတော့ သွားဝယ်ဖို့ အဆင်မပြေတော့ဘူးတဲ့။ မုံရွာမှာက ဝယ်လို့ရပေမယ့် ပစ္စည်းက အစုံမရှိဘူးအဖိုးရဲ့ အသက်က ၈၅ နှစ်ရှိပါပြီ။ ဖိနပ်လုပ်ငန်းကို ၁၀ စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးပါ။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဇနီးဖြစ်သူနဲ့ အတူဆိုင်ဖွင့်ခဲ့ပေမယ့်လည်းအခုဆိုရင် ဇနီးကလည်း ဆုံး ပါးသွားခဲ့ပြီမို့ အဖိုးတစ်ယောက်ထဲသာ ဆက်လက်ဆိုင်ဖွင့်နေတာပါ။ အဖိုးရဲ့ က တ္တီပါ ဖိနပ်တွေက ဒီဇိုင်းလဲဆန်းသလို ခိုင်ခံမှုလဲရှိပါတယ်။

ကလေးစီး၊ ကျား/မ ဖိနပ်ဆိုဒ်မျိုးစုံရှိပြီး ဈေနှုန်းကလဲ တစ်ထောင်ကနေ သုံးထောင်အထိသာရှိပါတယ်။ အဘိုးက မန်းလေးသားစစ် အသက် ၄၅ နှစ်လောက်မှ မုံရွာကိုပြောင်းခဲ့တာ ဒီကိုပြောင်းလာတော့ ဒုက္ခတော်တော်ရောက်ခဲ့တာ စီးပွားက အဆင်မပြေဘူး။

ကုန်အရောင်း အဝယ်လုပ်တာလဲ အဆင်မပြေ နောက်ဆုံး ဘယ်အလုပ်မှ အဆင်မပြေလို့ ဒီဖိနပ်လုပ်ငန်းကို လုပ်ဖြစ်သွားတာပါ။ ဒီကာလမှာ လူတိုင်းစီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်နေပေမယ့်လည်း အဘိုးလို အသက်ကြီးရွယ်အိုတွေက ဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရတာ ပိုမိုခက်ခဲလိမ့်မယ်လို့ ထင်မိပါတယ်။

အကယ်၍များ လမ်းသင့်လို့ အဖိုးရဲ့ဖိနပ်ဆိုင်လေးရှိရာ အ.ထ.က ၂ ကျောင်းအနီး ဆေးရုံလမ်းကို ရောက်ခဲ့ရင် ဖိနပ်လေးတွေ ဝယ်ယူအားပေးခဲ့ကြပါလို့ တိုက်တွန်းပါရစေ။ Credit

Add a Comment

Your email address will not be published. Required fields are marked *