အပြစ်ရှိသူရဲ့ကလေးလေးကို နို့တိုက်ကျွေးနေတဲ့ ရဲမေတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အပြစ်ရှိသူရဲ့ကလေးလေးကို နို့တိုက်ကျွေးနေတဲ့ ရဲမေတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တရုတ်နိုင်ငံရှိ ရဲမေတစ်ယောက် အပြစ်ရှိသူရဲ့ နို့ဆာနေတဲ့ ကလေးကို နို့တိုက် ကျွေးခဲ့တဲ့ ပုံရိပ်က အားလုံးရင်ထဲကို ထိစေခဲ့ပါတယ်။

Shanxi Jinzhong Intermediate People’s Court တွင် (၄) လ ကလေးလေးကို ရဲမေ Hao Lina က နို့တိုက် ကျွေးနေတဲ့ ပုံရိပ်ကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

ကလေးရဲ့ အမေက လူပေါင်း (၂၈ဝဝ) ကျော်ကို ငွေ အလွဲ သုံးစား လုပ်မှုကြောင့် ဖမ်းဆီး စစ်ဆေး မေးမြန်းခံ နေရပါတယ်။

မနက် (၉) နာရီ ဝန်းကျင်လောက်မှာ ကလေးက နို့အရမ်းဆာလို့ အော်ငို နေခဲ့ပါတယ်။ ကလေး ငိုနေတာကို မကြည့်ရက်တာနဲ့ သူမလည်း နို့တိုက် ကျွေးခဲ့ပါတယ်။

” ကလေးက အရမ်းငိုနေတော့ ကျွန်မတို့လည်း စိုးရိမ်သွားတယ် ကျွန်မက ကလေး မွေးထားတာ သိပ်မကြာသေးတော့ ကလေး အငိုတိတ်သွားအောင် ကျွန်မ အတတ် နိုင်ဆုံးကြိုးစားခဲ့တာပါ ” လို့ Daily Mail သတင်းမှာ ဖော်ပြ လာခဲ့ပါတယ်။

” ကလေး တစ်ယောက်လုံး ငိုနေတာကိုတော့ ဘယ်သူမှ လက်ပိုက် ကြည့်နေမယ် မထင်ပါဘူး။ ဘယ်ရဲမေ မဆို တစ်ခုခုတော့ လုပ်မှာပါ။

ကျွန်မသာ ကလေး အမေ နေရာမှာ ဆိုရင် တစ်ယောက် ယောက်ကိုတော့ အကူညီ တောင်းခဲ့မှာပဲ” လို့ ဆိုပါတယ်။

သူနေရာမှာ ပရိတ်သတ်တွေထဲက တစ်ယောက်ဆိုရင်ရော ဘယ်လိုလုပ်မလဲ…ရေးသားခဲ့ပါအုံးနော်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *