အနှစ် (၃၀) အကြာ ဇာတိရွာ သောက်သုံးရေ ရရှိဖို့ တစ်ကိုယ်တော် မြောင်းတူးခဲ့တဲ့ အဖိုး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အနှစ် (၃၀) အကြာ ဇာတိရွာ သောက်သုံးရေ ရရှိဖို့ တစ်ကိုယ်တော် မြောင်းတူးခဲ့တဲ့ အဖိုး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ အဖိုးအို တစ်ယောက်က မိမိကျေးရွာ ရေရရှိဖို့အတွက် တစ်ကိုယ်တော် မြောင်းတူးခဲ့ရာ ဒေသခံ ကျေးရွာတွေမှာတော့ သူရဲကောင်း တစ်ယောက်အဖြစ် မှတ်ယူခံနေရပြီ ဖြစ်ပါတယ်။

သူ မြောင်းတူးရတဲ့ အခြေအနေက လွယ်လွယ် ကူကူတော့ မဟုတ်ပါဘူး။

တောင်ပေါ်က စိမ့်စမ်းချောင်းကနေ မြောင်းသွယ်ချရတာ ဖြစ်ပြီး မြောင်းကလည်း (၅) ပေလောက် အကျယ် ရှိကြောင်း သိရပါတယ်။

တောင်ပေါ်ကနေ မြောင်းကို အနှစ် (၃၀) ကြာ ခက်ခက် ခဲခဲ မြောင်းတူး ခဲ့ရတာပါ။

ဒီနေရာမှ မေးစရာရှိတာက ရွာသူရွာသားတွေက သူ မြောင်းတူးနေချိန်မှာ ဘာမှ မကူညီကြဘူးလားဆိုတဲ့ မေးခွန်းပါ။

ဖြေရရင်တော့ တစ်ယောက်မှ မကူညီကြပါဘူးတဲ့။

အဖိုးနဲ့ နီးစပ်တဲ့ မိသားစုဝင် တချို့ကတော့ တစ်ခါ တလေ တူးရွင်းကိုင် ဂေါ်ကိုင် လာလုပ်တာရှိပေမယ့် ထိရောက်တဲ့ အကူအညီတော့ မရခဲ့ပါဘူး။

တကယ်တော့ ရွာလေးသာ ညီညွတ်မယ်ဆိုရင် မြေတူးစက်တွေ အစိုးရ အကူအညီ ယန္တယားတွေနဲ့ဆို ကာလအားဖြင့် ဒီလောက်ကြာဖို့ အချိန်ယူရဖို့ မရှိပါဘူး။

နောက်တစ်ချက်ကတော့ အဲဒီရွာလေးက ရေချို ရရှိဖို့ ခက်ခဲလို့ သဘာဝ အင်းအိုင်တွေ ကန်တွေကိုသာ အားကိုးအားထား ပြုနေရတာပါ။

မြောင်းတူးတဲ့ အဖိုးအိုကို ကမ္ဘာကျော် သတင်းဌာန ANI က တွေ့ဆုံမေးမြန်းမှုတွေ လုပ်လာခဲ့ပါတယ်။

မြောင်းဟာ (၃) ကီလိုမီတာအထိ ရှည်ပြီး မိုင်အားဖြင့် (၂) မိုင် နီးပါးလောက် ရှည်ပါတယ်။

ဒါကြောင့် အဖိုးအိုအနေနဲ့ အနှစ် (၃၀) အထိ ဒီမြောင်းကို တူးခဲ့ရတယ်ဆိုတာက အလွန် ယုတ္ထိတန်ပြီး ရွာ သူ ရွာသားတွေရဲ့ အင်အားမပါဘဲ တစ်ယောက် တည်း တူးခဲ့ရတယ်ဆိုတာကလည်း ဖြစ်နိုင်ခြေရှိပါတယ်။

၎င်း အဖြစ် အပျက်က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ဖြစ်ခဲ့တာပါ။

တူးလိုက်တော့ မြောင်းကတော့ တောင်တန်းစိမ့်စမ်းကို အဖျားခံပြီး ဂါယာနယ်မြေ Lahthua မြို့နယ်အတွင်းက Kothilawa အမည်ရှိ ရွာလေးဆီကို ဖြစ်ပါတယ်။

အဖိုးအိုအမည်ကတော့ Laungi Bhuiyan ဖြစ်ပါတယ်။

သူက ” ရွာသားတွေကတော့ မြို့တက်ပြီး အသက် မွေးဝမ်းကြောင်း အသစ်တွေ ပြုကြပါတယ်။

ကျုပ်ကတော့ ဒီရွာလေးမှာ ခေါင်းချသွားမှာပါ “လို့ ပြောပါတယ်။

 

အခုဆိုရင် တူးမြောင်း တူးဖော်မှု ပြီးစီးသွားခဲ့ပါပြီ။ Bhuiyan ကို နယ်ခံတွေကလည်း သူရဲ့ ဇွဲ လုံ့လ ဝီရိယ အရင်းစိုက်တဲ့လုပ်ရက်ကြောင့် သိရှိကုန်ကြပါပြီ။

တူးမြောင်းကြောင့် ဒီရွာလေးမှာ ရေရှားပါး ပြတ် လပ်မှု ဒဏ်ကို ကျော်လွှားနိုင်တော့မှာပါ။

တစ်ရွာလုံး လက်ပိုက် ကြည့်နေခဲ့ပေမယ့် တစ်ရွာလုံး ဒီမြောင်းရေကို မသုံးဘဲနဲ့တော့ နေနိုင်ကြမှာ မဟုတ်ပါဘူး။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အဖိုးအိုအတွက် ချီးကျူးစကားလေးတွေ ပြောပေးကြပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *