အန်ကယ်လေးရဲ့ (၅၁) နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

အန်ကယ်လေးရဲ့ (၅၁) နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

မင်္ဂလာပါ ချစ် ပရိတ်သတ်တွေကြီးရေ ပြည်သူ ချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး လူမင်းဟာဆိုရင် ရုပ်ရှင် ဇာတ်ကောင်းပေါင်းများစွာကို ကျရာ ဇာတ်ရုပ်တိုင်း ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီ ထူးချွန်ဆုကြီးကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

လူမင်းဟာဆိုရင် ပရိတ်သတ်တွေရဲ့ ချစ်ခင် အား ပေးမှုကို အပြည့်အဝ ရရှိထားတဲ့အပြင် အနုပညာရှင် အ ချင်းချင်းတွေကပါ လူမင်းကို ချစ်ခင်ကြတဲ့အတွက် အန်ကယ်လေးဆိုပြီး ချစ်စနိုးနဲ့ တောင်ခေါ်ဆိုနေကြတာပဲဖြစ်ပါတယ်။

အန်ကယ်လေးက ချစ်စရာကောင်းပြီး အိမ်ထောင်ရှင် မပီသလွန်းတဲ့ ဇနီချောလေး ခင်စံပယ်ဦးကို ပိုင်ဆိုင်ထားတဲ့အပြင် လိမ်မာ ရေးခြားရှိကြတဲ့သားနဲ့သမီးကိုလည်း ပိုင်ဆိုင်ထားပြီး သာယာ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။

အန်ကယ်လေးက ခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ လူထုနဲ့အတူ အမှန် တ ရားဘက်က အပြည့်အဝ ရပ်တည်ခဲ့တဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ လူထု လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ အန်ကယ်လေးက ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ခံရတဲ့ အသူတွေထဲမှာ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

အမှုဖွင့်ခံရပြီးတဲ့ အချိန်မှစပြီး ရှောင်တိမ်းနေခဲ့ရတဲ့ အန်ကယ်လေးက သူတည်းခိုနေတဲ့ အိမ်မှာပဲ ဖမ်းဆီး ခံလိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အန်ကယ်လေး ဖမ်းဆီးခံလိုက်ရတဲ့ အပေါ်မှာ ပရိတ်သတ်တွေကလည်းများစွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

မနေ့ကဆိုရင် ပြည်သူ့ အချစ်တော် အကယ်ဒမီ မင်းသာကြီးလူမင်းရဲ့ အသက် (၅၁) နှစ်ပြည့်တဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ အရင်လို မိသားစု စုံစုံ လင်လင်နဲ့ မွေးနေ့ပွဲကို မကျင်းပရပဲ ထောင်ထဲမှာပဲ ဖြတ်သန်းနေရတဲ့ လူမင်းကို ပရိတ်သတ်တွေကလည်း ဝမ်းနည်း ကြေကွဲနေကြတာပဲ ဖြစ်ပါတယ်။

မွေးနေ့ကို ထောင်ထဲမှပဲ ဖြတ်သန်းနေရတဲ့ လူမင်းရဲ့မွေးနေ့လေးကို သတိတရနဲ့ မွေးနေ့ ဆုတောင်းပေးလာတဲ့သူကတော့ မင်းသားချော မင်းမော်ကွန်းပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းက ” ပျော်စရာကောင်းတဲ့ မွေးနေ့ မ ဟုတ်ပေမယ့်လည်း ကျန်းမာစေကြောင်း အန္ဒရာယ်ကင်းပါစေကြောင်း ဆုတောင်းပါတယ် မိ သားစုတွေ အမြန်ဆုံ ကြပါစေဆိုပြီး မွေးနေ့ ဆု တောင်းပေးလိုက်ပဲ ဖြစ်ပါတယ်။

အန်ကယ်လေးတစ်ယောက် အချုပ်အနှောင် ဘဝမှ အမြန်ဆုံး လွတ်မြောက်ပြီး မိသားစုနဲ့ အမြန်ဆုံး ပြန် လည် ဆုံဆည်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အန်ကယ်လေးအ တွက် မွေးနေ့ ဆုတောင်းပေးခဲ့ကြပါအုံးနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးပဲတင်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *