အနုပညာ အလုပ်တွေ ပြန်လုပ်တော့မယ့် အကြောင်း အသိပေးစာမှာ ပရိတ်သတ်ရဲ့ ဝေဖန်မှုကို ပြန်လည် တုံ့ပြန်ခဲ့တဲ့ ရဲလေး

အနုပညာ အလုပ်တွေ ပြန်လုပ်တော့မယ့် အကြောင်း အသိပေးစာမှာ ပရိတ်သတ်ရဲ့ ဝေဖန်မှုကို ပြန်လည် တုံ့ပြန်ခဲ့တဲ့ ရဲလေး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အဆိုတော် တစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ ရဲလေးကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာအောင်မြင်မှုရရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ရဲလေးဟာ ဒီကနေ့မှာတော့ သူ့ရဲ့သီချင်းတွေကို ပုံမှန်အတိုင်းဆက် လက်ထုတ်လုပ်မှာဖြစ်ပြီး သူ့ကိုအားပေးကြတဲ့ပရိ သတ်တွေအတွက်လည်း အနုပညာ အလုပ်တွေပြန် လည် လုပ်ကိုင်တော့မယ့် အကြောင်းကို အသိ ပေးလာပါတယ် ။

ဒါပေမယ့် အချို့ပရိသတ်တွေဟာ နှင်းဆီအဖွဲ့သား တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက လွတ် မြောက်နယ်မြေမှာရောက်ရှိနေပေမယ့် ရဲလေးကတော့ အနု ပညာ အလုပ်တွေပြန်လည် လုပ် ကိုင်တော့မယ့် အပေါ် ဝေဖန်ခဲ့ကြပါတယ် ။

ပရိသတ်တစ်ယောက်က “ဂျင်းကောင်.. နှင်းဆီနီအဖွဲ့သားလို့မပြောရဘူး” ဆိုတဲ့ ကောမန့်ကို ရဲလေးက “ဒီနေရာ ဒီကမ္ဘာမှာ ကျွန်တော်နဲ့ ရင်းနှီးမယ့် သူတွေ စုနေမှာပါ ။ မိတ်ဆွေ ကျွန်တော် မလိုအပ်ရင် နောက်လည်းလာမမန့်ပါနဲ့ ။

Attections မလိုချင်ပါနဲ့ ။ မလိုအပ်ရင် တခြား Page သွားမန့်ပါ ။ နောက်ဆိုရင် နားလည်မှုရှိတဲ့သူတွေပဲ ဒီနေရာမှာ ရှိကြမှာပါ ။ Attection လာမရှာပါနဲ့” ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ် ။

နှင်းဆီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ လွတ်မြောက်နယ်မြေမှာ ယခုတိုင်နေထိုင်နေပြီး ပြည်သူတွေနဲ့ တသားတည်း ရှိနေသလို အခြားနှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး

ကျော်ကျော်ဗို၊ ရဲလေးနဲ့ ထွန်းထွန်းတို့ကတော့ ဖေ ဖော်ဝါရီလ အစပိုင်း ဆန္ ဒပြမှုတွေမှာပဲပါဝင်ခဲ့ပြီး နောက် ပိုင်းမှာတော့ ပြည်သူတွေရှေ့ကနေ လုံးဝ ပျောက်ကွယ် သွားခဲ့တာပဲဖြစ်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *