အနု ပညာ မောင်နှမတွေ ပြန်လွတ်လာမှ အလုပ်တွေ ပြန်လုပ်မယ်လို့ ပြောလာခဲ့တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်

အနုပညာ မောင်နှမတွေ ပြန်လွတ်လာမှ အလုပ်တွေ ပြန်လုပ်မယ်လို့ ပြောလာခဲ့တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ MRTV-4 သရုပ် ဆောင် မင်းသမီး သံသာမိုးသိမ့်ကတော့ ဇာတ်လမ်း တွဲတွေကို အားပေး ကြည့်ရှုကြတဲ့ ပရိတ်သတ် တွေရဲ့

အားပေး ချစ်ခင် ခြင်းကို အပြည့် အဝရရှိကာပိုင်ဆိုင် ထားတဲ့ သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က (၅၀၅-က) ဖြင့် အမှုစွဲဆို ခံထားရတဲ့ အနု ပညာရှင် တချို့ကို စစ်ကောင်စီက အမှုကနေ ရုပ်သိမ်း ပေးခဲ့ပြီးနောက် ဘေးလွတ် ရာကိုတိမ်းရှောင်

နေခဲ့ရတဲ့ အနုပညာရှင် တစ်ချို့ဟာ မိမိတို့ရဲ့ နေအိမ် တွေကို ပြန်လ ည် ရောက်ရှိ နေကြတာကို တွေ့ရပါတယ်။

အမှုစွဲဆို ခံထားရတဲ့ အမှုကနေ လွတ်မြောက် လာကြတဲ့ အနုပညာရှင် တွေထဲမှာ သရုပ်ဆောင် သံသာမိုးသိမ့်လည်း တစ်ယောက် အပါအဝင် ဖြစ်ပါတ ယ်နော်။

ပရိတ်သတ်ကြီးရေ အခုတစ်ခါ မှာတော့သ ရုပ်ဆောင် သံသာမိုးသိမ့်က ထောင်ထဲက အနုပညာရှင်တွေ

ပြန်လာမှ အနုပညာ အလုပ်တွေကိုပြန်လုပ်မယ် ဆိုတဲ့ အကြောင်းကို အခုလိုပဲ ပြောပြ လာခဲ့ပါတယ်။

“စိတ်ပူပေးကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီကို ကျေးဇူးတင် ပါတယ် .. ဒီကာ လမှာ တစ်ဦးချင်းစီက အပူတွေချည်းမို့ ကိုယ့်အပူမှ အပူလို့ မမြင်တတ် တော့တာရယ်..

အထဲမှာ ဒုက္ခခံ ပေးနေတဲ့ သူတွေက ကိုယ်တွေ ထက် အ ဆ ပေါင်းများစွာ ဆိုးတာမို့.. ကိုယ်တွေက မပြော ပလောက် ပါဘူး။

ဒီကာလတွေမှာ စိတ်ရော၊ လူရော အဆင် ပြေစွာနဲ့ လေ့လာစရာ ရှိတာ လေးတွေ လေ့လာ သင်စရာရှိတဲ့

ကိုယ်တတ် ချင်တဲ့ ပညာလေးတွေ လေ့လာရင်း အေးဆေး တည် ငြိမ်စွာ ဖြတ်ကျော် ခဲ့ပါတယ်။

အနုပညာအလုပ်တွေကတော့ ဖေဖော်ဝါရီ မတိုင်ခင်မာ ကြိုလက် ခံမိထားတဲ့ အလုပ် တွေတော့ client တွေလည်း မလော ဘူးဆို မလုပ်ပါဘူး။

သူတို့ ရိုက်ချင် ရင်ရိုက်ပေးပြီးတော့ ကျန်တာတွေ ကတော့ အထဲကအကို၊ အမတွေ ပြန်ရောက်လာမှပဲ စိတ်လက်ပေါ့ ပါးစွာနဲ့ ပြန်လုပ် နိုင်မယ် ထင်ပါတယ်။

စိတ်ပင် ပန်း လူပင်ပန်းနဲ့ ဒီကာလကြီးကို ဖြတ်ကျော်ခဲ့ကြတဲ့ အနုပညာ မောင်နှမတွေ အကုန်လုံးလည်း

ပင်ပန်းသွားကြ ပြီထင်ပါတယ်” ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်မှာ မျှဝေလာ ခဲ့တာပါ။

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆု တောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ်

ကင်းကြ ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *