အနုပညာရှင် ပေါင်းများစွာ ပါဝင် ဖျော်ဖြေတော့မည့် NUG ရဲ့ ပညာရေး ရန်ပုံငွေ ပွဲကြီး

အနုပညာရှင် ပေါင်းများစွာ ပါဝင် ဖျော်ဖြေတော့မည့် NUG ရဲ့ ပညာရေး ရန်ပုံငွေ ပွဲကြီး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ စစ်အာဏာရှင် စနစ်ကို အသိပညာ အတတ်ပညာ အနုပညာ စစ်ပညာတွေနဲ့ အဘက် ဘက်မှ တော်လှန်ရင်း

နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေး ရန်ပုံငွေ ဖျော်ဖြေပွဲကို ကျင်းပသွားဖို့ ရှိနေပါတယ်။

စစ် အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ ပညာရေး ပြန်လည် ဦးမော့လာရေးကို ရည်ရွယ် ပြုလုပ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ “ပညာဖြင့် တော်လှန် နွေဦးရဲ့အောင်လံ” လို့

အမည်ပေးထားပြီး လာမယ့် နိုဝင်ဘာလ (၁၃) ရက်နေ့ မြန်မာ စံတော်ချိန် ည ၈ နာရီမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ ရုပ်ရှင် ကာတွန်း စာပေ ပန်းချီ အနုပညာရှင်တွေက တော်လှန်ရေး တေးသီချင်းတွေ ကဗျာတွေ

ကာတွန်း ပန်းချီ၊ မှတ်တမ်း ရုပ်ရှင်နဲ့ တခြား အနုပညာ ဖျော်ဖြေမှု အစီအစဉ်များစွာနဲ့ ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ ထင်ရှားတဲ့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ အတူ အဆို တော် ချမ်းချမ်း R ဇာနည် သရုပ်ဆောင်

မင်းမော်ကွန်း ဒေါင်း မြနှင်းရည်လွင် မြတ်နိုးအေး တို့နဲ့ တခြား အနုပညာရှင်တွေလည်း အများကြီး ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲကနေ ရရှိလာတဲ့ လက်မှတ် ရောင်းရငွေတွေ အလှူငွေတွေကိုတော့ ခက်ခဲတဲ့ ဒေသ ပညာရေး လုပ်ငန်းတွေ အကောင် အထည်ဖော်ရေး

CDM ထောက်ပံ့ရေး ဖက်ဒရယ် ပညာရေး လုပ်ငန်း စဉ်တွေ အကောင် အထည်ဖော် ဆောင်ရွက်ရေးတွေမှာ အကျိုးရှိစွာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပညာရေးနဲ့ စစ် အာဏာရှင် တော်လှန်ရေး ရန်ပုံငွေ Live Show ကို မိဘပြည် သူတွေ အနေနဲ့ ပါဝင် လှူဒါန်းကြဖို့လည်း NUG က တိုက်တွန်း နှိုး ဆော်ထားပါတယ်။

ပွဲကျင်းပမယ့် နေရာ ပုံစံတွေကိုတော့ ဝယ်ယူတဲ့ လက် မှတ်မှာ ဖော်ပြသွားမှာဖြစ်ပြီး လက်မှတ် ရောင်း ချမယ့် အစီ အစဉ် အသေးစိတ်ကို ထပ်မံ ကြေညာသွားမယ်လို့ ဆိုပါတယ်။

ပရိတ်သတ်တွေကလည်း တက်နိုင်သလောက် ပါဝင်ကူညီကြပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *