အနုပညာရှင် ညီအစ်ကို မောင်နှမများ လွတ်မြောက် ရေး အတွက် ပြည်သူ့ အမုန်းကို ခံယူပြီး စကစကို လွတ်မြောက်ပေးဖို့ တောင်းဆိုလာခဲ့တဲ့ ရန်အောင်

အနုပညာရှင် ညီအစ်ကို မောင်နှမများ လွတ်မြောက် ရေး အတွက် ပြည်သူ့ အမုန်းကို ခံယူပြီး စကစကို လွတ်မြောက်ပေးဖို့ တောင်းဆိုလာခဲ့တဲ့ ရန်အောင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အကယ်ဒမီ ရန်အောင် က သူ့ရဲ့ ပွဲတက်ရခြင်း ကိစ္စ အပေါ် အခုလို ပြန်လည် ရေးသား ဖော်ပြ လာခဲ့တာ ပဲဖြစ်ပါတယ် ။

“ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ..

ဇေယျာသီရိ ဗိမ္မာန်မှာ တွေ့ဆုံပွဲလေး တက်ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။

အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်။

မလွတ် မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာရှင် ညီအစ်ကို မောင်နှမတွေ အတွက် ပြောဆို တင်ပြဖို့

အခွင့် အရေးလေး တစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့ မျှေ ာ်လင့်ချက် တစ်ခုထဲနဲ့ ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ် တက်ရောက်ခဲ့ပါတယ်။

ဒီထက် ပိုပြီး ဘာ အပေး အယူ ဘာ မျှော်လင့်ချက်မှ မရှိခဲ့ပါဘူး။

ကျွန်တော့် စေတနာ အမှန်ကြောင့် မလွတ် မြောက်သေးတဲ့အနုပညာရှင် ညီအစ်ကို မောင်နှမတွေ အမြန်ဆုံး လွတ်မြောက်ဖို့ အရေးကို သက်ညှာစွာ စဉ်းစားပေးဖို့ တင်ပြခွင့် ရခဲ့ပါတယ်။

၎င်းက ဒီပွဲကို တက်ရောက်ခဲ့တဲ့ အကြောင်းရင်း မှန်ကန်တဲ့ ကျွန်တော့်ရဲ့ သစ္စာစကားပါ။

အခုလို စေတနာ အမှန်ရဲ့ သစ္စာစကားကြောင့် ကိုယ်စိတ် နှလုံး ရွှင်လန်း ချမ်းမြေ့စွာ နေထိုင်ရပါစေသား ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ခင်ဗျာလို့ ဝေဖန်မှုတွေ အပေါ် အခုလို သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှ တဆင့် ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း အကယ်ဒမီ ရန်အောင် အပေါ် အထင်လွဲ အမြင် လွဲနေတာတွေ နားလည် ပေးစေခြင်ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *