အနုပညာရှင်တချို့ မကြာခင် ထပ်မံ လွတ်မြောက်ဖို့ရှိတယ်လို့ ရှေ့နေ အသိုင်း အဝိုင်းပြော (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အနုပညာရှင်တချို့ မကြာခင် ထပ်မံ လွတ်မြောက်ဖို့ရှိတယ်လို့ ရှေ့နေ အသိုင်း အဝိုင်းပြော

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အမှုရင်ဆိုင်ဆဲ အချုပ်ကျ ခံနေရတဲ့ အနုပညာရှင်အချို့ မကြာခင် ရက်သတ္တပတ် အတွင်း ထပ်မံ လွတ်မြောက် ဖို့

ကြားနေရတယ်လို့ လက်ရှိ ၅၀၅ က နဲ့ အမှုရင်ဆိုင် နေရသူတွေ ကိုလိုက်ပါကူညီ ပေးနေတဲ့ ရှေ့နေ အသိုင်း အ ဝိုင်းကနေ သိရပါတယ်။

ခုလတ်တလောမှာ အနုပညာရှင်တွေ ခံဝန်ကတိတွေနဲ့လက်မှတ်ထိုး ငွေပေးရတယ်ဆိုတဲ့ ဖြစ်ရပ်တွေက မြေပြင်မှာတကယ်ဖြစ်နေတာမျိုး မရှိဘူးလို့

အနု ပညာရှင်တွေရဲ့ အမှုတွေကို လိုက်ပါကူညီနေတဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

“ကျွန်တော့်ရဲ့ အမူသည်တွေ ဖြစ်တဲ့ပိုင်တံခွန် ရဲတိုက်နဲ့ တခြား အနု ပညာရှင်တွေ ပါလာမယ်ကြားထားလို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် အနုပညာရှင် နှစ်ယောက်လောက်ပဲပါတယ်။

နောက်လာမယ့် အသုတ်တွေမှာ ထပ်ပါလာမယ်လို့ကြားသိထားပါတယ် ”လို့ ဦးခင်မောင်မြင့်က ခုလိုပြောပြပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်က နိုင်ငံတဝန်း တရားရင်ဆိုင်ဆဲ အ ကျဉ်းသား ၂ဝဝဝ လောက်ကို ပြန်လွှတ်ပေးခဲ့တာရှိပေမယ့် နိုင်ငံ ကျော်အနုပညာရှင် အများစုပါမလာခဲ့ပါဘူး ။

အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ နေရာမှာ ပထမအဆင့်အနေနဲ့ အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ ရာမှာပါဝင်ပြီး ပုဒ်မ ၅ဝ၅ ကနဲ့ တရားစွဲဆိုထားသူတွေကို လွှတ်ပေးတာဖြစ်ပါတယ်။

ဒုတိယ အဆင့်အနေနဲ့ နိုင်ငံကျော် အနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီး နောက် ပိုင်းမှာ ဝန်ထမ်း ပိုင်းဆိုင်ရာတွေပါဝင်လာနိုင်တယ်လို့ အကျဉ်းဦးစီးဌာနဲ့ နီးစပ်သူ အသိုင်းအဝိုင်းက သိရပါတယ်။

ခုလက်ရှိ အချိန် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး တဲ့နောက်ပိုင်းသရုပ်ဆောင် အဆိုတော်နဲ့ အနုပညာရှင် ၅ဝ ကျော်လောက် စကစ ကပုဒ်မ ၅ဝ၅ -က နဲ့

ဖမ်းဝရမ်းထုတ်ထားပြီး မကြာသေးခင်က အနုပညာရှင် တချို့ကို ဝရမ်း ရုပ်သိမ်း ပေးခဲ့ပါတယ ။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁ဝ ယောက်ထက် မနည်းရှိနေပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ကိုယ်မျှော်လင့်ထားတဲ့ အနုပညာရှင်တွေ အမြန်ဆုံး လွတ်လာအောင် ဆု တောင်းပေးကြပါဦးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *