အတိတ်ကပါလာတဲ့ ကံကြမာဆိုးကြောင့် ကြေကွဲရပေမယ့်လည်း အလှဆုံးပြုံးထားနိုင်တဲ့ ကောင်မလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အတိတ်ကပါလာတဲ့ ကံကြမာဆိုးကြောင့် ကြေကွဲရပေမယ့်လည်း အလှဆုံးပြုံးထားနိုင်တဲ့ ကောင်မလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တစ်ခါတရံမှာ အတိတ်ကပါလာတဲ့ ကံကြမာဆိုးကြောင့် ခုလက်ရှိဘဝမှာ အဆိုးတွေ ခန္ဓာကိုယ် အ စိတ်အပိုင်း ချို့ယွင်းမှုတွေကို ရင်ဆိုင်ရပေမယ့် ဒါတွေကြောင့် စိတ်ဓာတ်ကျ အားငယ်နေလို့မရပါဘူး။

မိမိရဲ့ ခုလက်ရှိဘဝကို ကိုယ်တိုင်နားလည် လက်ခံပြီး အကောင်းဆုံးပြုမုနေထိုင်မှသာလျှင် ကိုယ့်ရဲ့နေ့စဉ်ဘဝက ပျော်ရွှင်စရာကောင်းလာမှာပါ။ ထို့ကြောင့် ပရိတ်သတ်တွေကို အတိတ်ကပါလာတဲ့ ကံကြမာဆိုးနဲ့ ခုလက်ရှိဘဝမှာ နှလုံးက ရင်ဘတ်အပြင်ကို ထွက်ပြီးမွေးဖွားလာတာကြောင့် ဝေဒနာဆိုးတွေ ခံစားနေရပေမယ့် အလှဆုံးပြုံးထားတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

၎င်း ကောင်မလေးကတော့ အမေရိကန်နိုင်ငံ Florida မှာနေထိုင်တဲ့ Virsaviya Borun Goncharova ဖြစ်ပြီး သူမက ခုလက်ရှိမှာ အသက် (11) နှစ်အရွယ်ရှိနေပါပြီဖြစ်ပါတယ်။

Virsaviya လေးကို ကိုယ်ဝန် လွယ်ထားရတုန်းကဆိုရင်လည်း သူမရဲ့မိခင်ဟာ ဆရာဝန်တွေရဲ့ ဒီကလေးလေးက ကိုယ် ဝန်ဆောင်စဉ် ဒါမှမဟုတ် မွေးဖွားလာပြီးပြီးချင်း သေမယ်ဆိုတဲ့ စကားတွေကို ကြားခဲ့ရပေမယ့်လည်း မိခင်စိတ်အပြည့်နဲ့ သမီးလေး Virsaviya ကိုလူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

Virsaviya လေးရဲ့ ဒီအခြေအနေက နာလည်နိုင်ဖို့ အရမ်းခက်ခဲလှသလို လူတစ်သန်းမှာ တစ်ယောက်သာ အသက်ရှင်နိုင်တဲ့ အခြေ အနေပဲ ဖြစ်ပါတယ်။ အသက်မသေပဲ ရှင် သန်ခွင့်ရပေမယ့်လည်း Virsaviyaက ကံအရမ်းကောင်းလွန်းသူတော့ မဟုတ်ခဲ့ပါဘူး။

မွေးထဲက သူမရဲ့ နှလုံးဟာ ရင်ဘတ်အပြင်ဘက်ကို ထွက်နေခဲ့ပြီး ဒီအခြေအနေအကြောင့်ပဲ သူမက ဆိုးရွားတဲ့ ဝေဒနာတွေခံစားခဲ့ရတာပဲဖြစ်ပါတယ်။

Virsaviya လေးက မွေးထဲကနေ နှစ်အတော်ကြာတဲ့ အထိ သူမရဲ့အချိန် တော်တော်များများကို ဆေးရုံမှာ ကုန်ဆုံးခဲ့ရပြီး အောက်ဆီဂျင် မပြတ်အောင် ဂရုစိုက်နေခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Virsaviya လေးဟာ ဒီဝေဒနာတွေကြောင့် စိတ်ဓာတ် မကျနေပါဘူး။

တခါတရံ အောက်စီဂျင်ပြတ်သွားတဲ့အချိန်မှာ သူမအရမ်းကို ခံစားရပေမယ့်လည်း အပြင်ထွက်နေတဲ့ နှလုံးကိုလည်း အထဲကို ပြန်မထည့်ချင်ပါဘူး။ သူငယ်ချင်းတွေနဲ့အတူ သီချင်းဆိုလိုက် ကနေရတာနဲ့တင် အရမ်းကိုပျော်ရွှင်နေပါပြီလို့ ပြောလာခဲ့ပါတယ်။

ဘယ်လောက်ပဲ ဆိုးရွားလှတဲ့ ကျန်းမာရေးအခြေအနေတွေကို ရင်ဆိုင်ရ ရင်ဆိုင်ရ Virsaviya လေးက အလှဆုံးပြုံးထားဆဲပါပဲ။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာရှိတဲ့ နေ့လေးဖြစ်ပါစေ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *