အဆိုတော် ရေမွန်ရဲ့ နောက်ဆုံး ခရီးကို ချစ်သူမှ လိုက်ပါ ပို့ဆောင်ခြင်းမရှိတာကြောင့် ဝေဖန်ခံနေရမှုအပေါ် မိခင်ဖြစ်သူတုန့်ပြန် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အဆိုတော် ရေမွန်ရဲ့ နောက်ဆုံး ခရီးကို ချစ်သူမှ လိုက်ပါ ပို့ဆောင်ခြင်းမရှိတာကြောင့် ဝေဖန်ခံနေရမှုအပေါ် မိခင်ဖြစ်သူတုန့်ပြန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကျမ သမီးလေးကို အပြစ်ပြောနေသူများရှင် သမီးကို ကျမက မလွှတ်တာပါ။ သူအရမ်းသွားချင်ခဲ့ပါတယ်။

သူအခု အရမ်းပင်ပန်းပြီး ဖျားနေပါတယ်။ အဖျား ၁၀၂ F က ကျလိုက် တက်လိုက်နဲ့ အရမ်းလဲ အားနည်း နေပါတယ်။

အချိန်တိုင်းလည်း ငိုနေရလို့ ပင်ပန်းလှပါပြီ။ ကျမက သူ့ကို memory ကောင်းကောင်းလေးနဲ့ပဲ ရှိနေစေချင်တာလည်း ပါပါတယ်။

ဟိုကို လိုက်သွားဖို့ရာ လမ်း ခရီး နေရာတို့ကိုလည်း ကျမ စိတ်မချတာပါ။

ကျမလည်း လိုက်မပို့နိုင်  သူ့ကိုလည်း လွှတ်လိုက်ရမှာ စိတ်မချနဲ့မို့ ကျမလဲ တော် တော်လေး စိတ်ပင်ပန်း ရပါတယ်။

ပြောချင်တာလေးကတော့ ဆုံးဖြတ်ချက်တိုင်းက နှလုံးသားနဲ့ ဆုံးဖြတ်ရတာ ရှိသလို ဦးနှောက်နဲ့ ဆုံး ဖြတ်ရတာလဲ ရှိပါတယ် အရမ်းလဲ နာကျင်ရပါတယ်။

နောက်တစ်ခုက သမီးလေး တခါတလေ ပိုစ့်တွေ တင်ခဲ့ရင်လည်း နားလည် ပေးကြပါနော်။

အပြစ် ပြောနေကြသူများကလည်း သားတို့ သမီးတို့ကို ချစ်လို့ ပြောကြတာပဲလို့ ကျမ မှတ်ယူ နားလည်ပေးပါတယ်။

သားတို့ သမီးတို့ကို ချစ်ပေးကြလို့ မေတ္တာ စေတနာထားပေးကြလို့လည်း ကျေးဇူး အထူး တင်ပါတယ်။

နားလည် ခွင့်လွှတ်ပေးကြပါရှင်။ ကျမ သမီးလေး အမေပါ။

ပရိတ်သတ်ကြီးအားလုံးလည်း ကွယ်လွန် သွားပြီဖြစ်တဲ့ အဆိုတော် ရေမွန်အတွက် ဆုတောင်းပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *