အဆိုတော် ရိန်မိုးဟာ ဂီတလောမှ ယနေ့မှစ အပြီးတိုင် ထွက်ခွာလိုက်ပြီလို့ ကြေညာခဲ့

အဆိုတော် ရိန်မိုးဟာ ဂီတလောမှ ယနေ့မှစ အပြီးတိုင် ထွက်ခွာလိုက်ပြီလို့ ကြေညာခဲ့

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ယနေ့ဇွန်လ၂၄ ရက်နေ့ကနေစပြီး သူချစ်တဲ့ ဂီတကို စွန်လွှတ်လိုက်ပြီလို့ အဆိုတော်ရိန်မိုးက ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာရေး သားခဲ့ ပါတယ်။

တေးသီချင်းကောင်းတွေ များစွာကို သီဆို ဖန်တီးခဲ့တဲ့ အပြင် သရုပ်ဆောင်မင်းသား နေတိုးရဲ့ ရုပ်ရှင်ကား အများစုရဲ့ နောက်ခံတေးသီချင်းတွေကို သီဆိုခဲ့တဲ့ အဆိုတော်ရိန်မိုးရဲ့ ဂီတလောကကို စွန့်လွှတ်ကြောင်းကို “ဘဝမှာကျတော် ဘယ်တော့မှ မစွန့်လွတ်ဘူး

ဘယ်တော့မှ နောက် မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့ ချော်လဲလို့ပြုတ်ကျလို့ ဒါဏ်ရာတွေအများကြီးနဲ့ ရှိနေခဲ့တဲ့ အချိန်များတောင် ကျတော်ဆိုတာ ဘယ် တော့မှနောက် မဆုတ်ခဲ့ဘူး သို့ပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ် လိုက်ရပါပီး။

အမှန်က ကျတော့ကိုချစ်သော ကျတော်က ချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ရဲ့ ကြီးကျယ်ခန်းနားတဲ့ One man show live တစ်ခုကို နုတ်ဆက်ပွဲနဲ့အတူကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း

ခုတော့ မဖြစ်နိုင်တော့လို့ 24/6/2021 ဒီနေ့ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲကနေပီး လုံးဝ အပီးအပိုင် နုတ်ဆက်လိုက်ပါ ကြောင်းကို ကျတော့ ရဲ့ ချစ် တဲ့ ပရိတ်သတ် များ အမျိုးများ မိတ်ဆွေ များ အပေါင်းသင်းများအားလုံးကို အပီးတိုင် နုတ်ဆက် လိုက်ပါတယ်ခင်ဗျား။

ကျတော်သေသည့် တိုင်အောင် ဂီတက ကျတော့နှလုံး သား ထဲမှာ “ထာဝရ သေဆုံး မသွားဘူး “ထာဝရ ကျ တော့အပေါ် သစ္စာရှိ တဲ့ဂီတကို ကျတော် သစ္စ ာဖောက် လိုက်ပါပြီး ခွင့်လွတ်ပါ ကျတော် ချစ်သော” ဂီတ”ဟု ရေးသား ဖော်ပြ ခဲ့ပါတယ်။

အဆိုတော် ရိန်မိုးရဲ့ ဂီတလောကကို နှုတ်ဆက်လိုက်တဲ့အပေါ်မှာလည်း ပရိတ်သတ် အများစုက စိတ် မကောင်းကြောင်း နှမြောကြောင်း စားသားများကို မှတ်ချက်ရေးသား ခဲ့ကြပါ တယ်။

Add a Comment

Your email address will not be published. Required fields are marked *