အဆိုတော်ရေမွန် ဆုံးရခြင်းအဖြစ်အမှန်ကို နိုဗန် ထူး ဖြေရှင်း…..

အဆိုတော် ရေမွန်က ငှက်ဖျားနဲ့ သေဆုံးတာ မဟုတ်တဲ့အကြောင်း ပြန်လည်ရှင်းပြလာတဲ့ အဆိုတော် နိုဗန်ထူး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ Idiot အဖွဲ့ရဲ့ ပင် တိုင်အဆိုတော် တယောက်ဖြစ်တဲ့ နိုင်ငံကျော် အဆို တော် ရေမွန်က ယနေ့မှာပဲ ဆုံးပါးသွားခဲ့တာကြောင့် ပရိတ်သတ်တွေအားလုံးက နှမြောတသ ကြေကွဲ နေခဲ့ရပါတယ်။

အဆိုတော် ရေမွန်ရဲ့ သေဆုံးမှုနဲ့ပက်သက်ပြီး ကောလ ဟာလများလည်း စဉ်ဆက် မပြတ် ထွက်ရှိခဲ့တာကြောင့် အနီးစပ်ဆုံး သူငယ်ချင်းဖြစ်သူ အဆိုတော် နိုဗန်ထူးက အခုလိုပဲ ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်။

အဆိုတော် နိုဗန်ထူး ပြောခဲ့တာကတော့ ” နဂိုကတည်းက ကိုတွတ်က အစားအသောက် မမှန်ခဲ့မိတာ …

အိပ် သိပ်မပျော် / နေမကောင်းတာ …

လေးတွေ ရှိခဲ့တယ် …

အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ် ။

ဒါပေမယ့်ခုတလော နေပြန်ကောင်းနေ / အိပ်လို့လည်း ကောင်းကောင်းရတယ် ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ ။

မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျွန်တော့်ကိုတောင် လှမ်း ပြောခဲ့သေးတယ် …

ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ် …

( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ )

ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ ခုလို ဖြစ်သွားရတာပါ ။

လူတွေ ပြောနေသလို ငှက်ဖျား ကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို …

စစ်ခွေးတွေ ဖွနေသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး ။

ကောလဟာလ တွေကို အလွယ် မယုံကြဖို့နဲ့ …

ကိုယ် သေချာ မသိပဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တစ်ယောက်ကို သိက္ခာ လိုက်ချနေတာမျိုးကို ရပ်တန်းက ရပ်ဖို့ … ပြောချင်ပါတယ်”

ဆိုကာ အားလုံးထင်သလို ငှက်ဖျားကြောင့် မဟုတ်ပဲ အစာအိမ် သွေးကြောပေါက်ခဲ့တာကြောင့် ဆုံးပါးခဲ့ရတယ်လို့ သိရပါတယ်။

ကိုရေမွန်ကို ဆုံးရှုံးရတဲ့အပေါ် မိသားစုနဲ့ ထပ်တူ ပရိတ်သတ်များအားလုံးနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။

ပြည်သူချစ် အဆိုတော်ဖြစ်တဲ့ ကိုရေမွန် တယောက် ကောင်းရာဘုံဘဝ ငြိမ်းချမ်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *