အစ်ကို ဖြစ်သူ ပြေတီဦးနဲ့ သူမရဲ့ ငယ်ဘဝအမှတ် တရတွေကို လွမ်းဆွတ် သတိရကြောင်းပြောပြ လာတဲ့ ညီမဖြစ်သူ ငွေတီဦး

အစ်ကို ဖြစ်သူ ပြေတီဦးနဲ့ သူမရဲ့ ငယ်ဘဝအမှတ် တရတွေကို လွမ်းဆွတ် သတိရကြောင်းပြောပြ လာတဲ့ ညီမဖြစ်သူ ငွေတီဦး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပြေတီဦးကတော့ လက်ရှိ အင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပြေတီဦးရဲ့ မိဘများဟာအသက်အရွယ် ကြီးမြင့် နေပြီ ဖြစ်တာ ကြောင့် သားအတွက် စိတ်ပူ နေကြတာလည်း ဖြစ်ပါတယ်။

မနေ့က အူဝဲလွတ် လာပြီဆိုပြီး သတင်းတွေ ထွက်ခဲ့ ပေမယ့် ကောလ ဟာလတွေသာ ဖြစ်တယ် လို့လည်း မိသားစုဝင် များမှ ပြန်ဖြေရှင်းထား တာပါ။

ပြေတီဦးတွင် အကြီးဆုံး အစ်မ ဆွီတီဦးနဲ့ အ ငယ်ဆုံး ညီမလေး ငွေတီဦး ဆိုပြီး ရှိပါသေးတယ်။

ငွေတီဦး က ပြေတီဦးရဲ့ ကလေးဘဝက အမှတ်တရတစ်ခုကို ပြောပြလာပါပြီ။

သူတို့ ငယ်ငယ်တုန်းက မောင်နှမ နှစ်ယောက် အရမ်းချစ်ခဲ့ကြတာ” ငယ်ငယ် တုန်းက သူဆုယူရင် ဘေးက လိုက်ပီး သူရတဲ့ ဆုတွေ လိုက်သယ်ရတယ်။

ကြီးတော့ သူ့ကို ပေးတဲ့ ပန်းတွေ လိုက်သယ်ရပြန်ရောမေမေ တစ်လ တစ်ခါ ရန်ကုန်သွားရင် မေမေ့ကို လွမ်းရင်း မောင်နှမ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်တွေကို သတိရမိတယ်။

အဲ့တုန်းက ကိုယ်က သူငယ်တန်းတောင် မရောက်သေးတဲ့ လက် ဖက် မစား ကွမ်းမစား အပျော် တက်

တုန်း ဆရာကြီးရယ် ကိုကြီးမျက်နှာလေး ကြည့်ပါ ရစေ ဆိုပြီး သူ့အတန်းကို သွားချောင်း ခဲ့ရဘူးတယ်။

သူကလည်း မေမေ့ကို လွမ်းလို့ မျက်ရည် တွေ ကျတော့ ဆရာမက ဘာဖြစ်လို့လဲ မေးတာပေါ့။

မေမေ့ကိုလွမ်းလို့ ဆိုတော့မေမေသွားတာ ညီမလေးရောပါလားဆိုပြီး ဆရာမက သူ့ကို မေးတယ်။

ဟင့်အင်း ညီမလေးလည်း မပါဘူး ဆိုတော့ ညီမလေးကို တောင် ထားခဲ့တာ မင်းက ငိုနေစရာလားဆိုပီး ဇာတ်ပိုးကို ရိုက်လိုက်တာ နှဖူးနဲ့ ခုံစောင်းနဲ့ ရိုက်မိလို့

ဒဏ်ရာရပါရော ဒဏ်ရာနဲ့ ပြန်လာတဲ့သားကိုမြင်ပြီး ဖေဖေက ဒေါသထွက်ရောပေါ့ ဒီလောက်တောင်လုပ်ရလား ဆိုပီးဆရာမကို စိတ်တိုတာပါ

ဘာရယ်မဟုတ်ဘူး မန်မိုရီပြန်တက်လာတော့ ငယ်ငယ်တုန်းက အကြောင်းတွေ ခေါင်းထဲပြန်ရောက်လာလို့” လို့ငွေတီဦးမှ ရေးထားတာ ဖြစ်ပါတယ်။

ဖတ်ရှူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *