အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အကယ်ဒမီ လူမင်းရဲ့လက်ရှိ ကျန်းမာရေးအခြေအနေ

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အကယ်ဒမီ လူမင်းရဲ့လက်ရှိ ကျန်းမာရေးအခြေအနေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီး တို့ရေ ပုဒ်မ ၅၀၅ (က) နှင့် အဖမ်းဆီး ခံလိုက်ရသော အကယ်ဒမီ လူမင်းနှင့် ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေခဲ့ပါတယ်။

အကယ်ဒမီ လူမင်းဟာ အနုပညာလောကရဲ့ အောင် မြင်မှု ရှည်ကြာစွာ ထိန်းသိမ်း ထားနိုင်တဲ့ မင်းသားတစ်လတ် ဖြစ်ပြီး ပရိတ်သတ်ရဲ့ ချစ်ခြင်း မေတ္တာကို အခိုင်အမာရရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

လူမင်းဟာ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းမှု စတင် ဖြစ်ပေါ် တဲ့ နေ့ကစပြီး ပြည်သူနဲ့အတူ ရပ်တည်ကာ လူထုဆန္ဒ ထုတ် ဖော်ပွဲတွေမှာ ပြည်သူနဲ့ တစ်သား တည်း တိုက်ပွဲဝင် နေခဲ့တဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အကယ်ဒမီ လူမင်း အပါအဝင် အနုပညာရှင် (၆) ဦး CDM အရေးပါဝင် လှုပ်ရှားမှုကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။

အကယ်ဒမီ လူမင်းကိုတော့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ညက တိမ်းရှောင် နေရာအိမ်အထိ အတင်းတံခါး‌တွေရိုက်ဖျက် ချိုးဝင်ကာ ဖမ်းဆီး သွားခဲ့ကြပါတယ်။

အကယ်ဒမီ လူမင်း အဖမ်းဆီးခံရပြီး နောက်ပိုင်း မိသားစု ဝင် တွေ‌ရော ပရိတ်သတ်တွေ ရောကပါ စိုးရိမ် နေခဲ့ ကြပြီး ဘာသတင်းမှသိပ်မ ကြား ရပေမဲ့ ထောင်ထဲမှာ ကျန်မာရေး ဆိုးရွား လာတယ်ဆိုတဲ့ သတင်းတွေ မျိုးစုံ ထွက်ပေါ်လာခဲ့ပါတယ်။

မတ်လ (၂၁)ရက် နေ့မှာတော့ အကယ်ဒမီ လူမင်း အင်းစိန်ထောင်မှာ ကျန်းမာ ရေး ကောင်းမွန်စွာ ရှိနေကြောင်း သိရှိ ရတယ်ဆိုတဲ့ သတင်း ထပ်မံကြားသိ လာခဲ့ရပါတယ်။

မကြာသေးမီ ကလဲ အ ကယ်ဒမီ လူမင်း အပါအဝင် အဖမ်းဆီး ခံခဲ့ရတဲ့ ဆရာ မောင်သာချို၊ ကိုမြအေး စသည်တို့ အင်းစိန်သီးသန့်ထောင်မှာ ကျန်းမာစွာ ရှိနေကြောင်း သိရတဲ့ သတင်းလဲ ကြားသိခဲ့ရ ပါသေးတယ်။

ပြည်သူတွေ အပေါ် ထားတဲ့ စေတနာ ပြည်သူတွေက ပို့သပေးနေတဲ့ မေတ္တာ တရား တွေကြောင့် လူမင်း နှင့် အဖမ်းဆီးခံ ပြည်သူ အားလုံး ဘေး အန္တရာယ်များ ကင်းရှင်း ကြပါစေ။

ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီးလည်း သာယာ‌တဲ့ နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်း ပေးလိုက် ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *