အင်အားကြီးတဲ့ မြန်မာ့ တပ်မတော်ကို ပုန်ကန်နေတာက ခပ်ပေါပေါ ဦးနှောက် ပိုင်ရှင်တွေ ဆိုပြီး ပြောလာခဲ့တဲ့ ရဲအောင်

အင်အားကြီးတဲ့ မြန်မာ့ တပ်မတော်ကို ပုန်ကန်နေတာက ခပ်ပေါပေါ ဦးနှောက် ပိုင်ရှင်တွေ ဆိုပြီး ပြောလာခဲ့တဲ့ ရဲအောင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မင်းသားကြီး ရဲအောင်လို့ ဆိုလိုက်ရင် ရာစုနှစ်ပေါင်း များစွာ ရုပ်ရှင် ဗီဒီယိုလောကမှာ အောင်မြင် ကျော်ကြား လာခဲ့တဲ့ မင်းသားကြီး မှန်း အားလုံး အသိ ပါပဲ။

ရဲအောင် ဟာဆိုရင် ငယ် ရွယ်စဉ်ကနေ စပြီး ဇာတ် ကား ပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ယခု အချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင် ထားနေဆဲသူ တစ်ဦးဖြစ်ပြီး ပရိတ်သတ်တွေ နှစ်သက်နေဆဲသူ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း အာဏာ သိမ်းမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ယခု ကာလမှတော့ ရဲအောင်ဟာ အာဏာသိမ်းစစ်ကောင်စီ စီစဉ်တဲ့ပွဲတွေမှာ ပါဝင် ဖျော်ဖြေကာ ပြည်သူ့ဖက်က ရပ်တည်မှု မရှိခဲ့တဲ့ အ တွက် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

ယခု လတ်တလော မှာလည်း စစ် ကောင်စီ စီစဉ်တဲ့ MRTV ဂီတပွဲမှာ ပျော်ပျော်ကြီး ပါဝင်ခဲ့တဲ့ အကယ် ဒမီ ရဲအောင်ရဲ့ နေအိမ်မှာ ဗုံးလန့်မှု ကြုံခဲ့ရပြီးနောက် ရဲအောင် တစ်ယောက်နေရာရွှေ့ပြောင်း နေထိုင်ခဲ့ရပါတယ်။

ယခု လက်ရှိမှာတော့ သူဟာ တပ်မတော်ရဲ့ အရာရှိကြီး တချို့နဲ့ အတော်လေး ရင်းနှီးသူဖြစ်တာကြောင့် တပ်မတော်က ချထားပေးတဲ့ လုံခြုံတဲ့နေရာ တခုမှာရောက်နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ နေအိမ်ကို ဗုံးခွဲဖို့ ကြံစည်ခြင်း ခံရပြီးနောက် သူ့ဖက်က ချက်ချင်း တစုံတရာ ထုတ်ပြန်ခဲ့တာ မရှိပေမယ့် သူနဲ့ နီးစပ်သူ တချို့ရဲ့ ပြောပြချက်အရ

အခုအချိန်မှာ တုန့်ပြန်သံတချို့ ထွက်ပေါ်လာတာကို သိရပါတယ်။ သူ တုန့်ပြန်ခဲ့တာကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

အရပ်ဖက်က အကြမ်းဖက် pdf ဆိုတာတွေဟာ ဘာမှ အပြစ်မရှိတဲ့ အနုပညာရှင်တွေကိုတောင် လာပြီး ရန် ရှာနေကြတာဟာ တရားမဲ့ပြီး မင်းမဲ့ စရိုက်ဆန်ပါတယ်။

သူတို့မှာ မီးကြိုးမောင်းပျက် သေနတ်ကလေးတွေ ကိုင်ရရုံနဲ့ အင်အားတောင့်တင်းတဲ့ မြန်မာ့ တပ်မတော်ကို တော်လှန် ချင်နေတာဟာ ခပ်ပေါပေါ ဦးနှောက် ပိုင်ရှင်တွေမှန်း သိသာပါတယ်။

နှစ်ပေါင်းများစွာ ပြည်သူ့ အတွက် ကာကွယ် စောင့် ရှောက်ပြီး ပြည်သူ့ အကျိုးကို ပြုခဲ့တဲ့ တပ်မတော်ကို တော်လှန်လို့ကို သူတို့ကို ကြည့်မရတာ လို့ပြောလာခဲ့ကြောင်း နီးစပ်သူတွေက သတင်းပို့ ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်သူတွေ အနေနဲ့ကော ရဲအောင် တုံ့ပြန်လာတဲ့ ပြော စကားများ အပေါ် ဘယ်လို မြင်သလဲဆိုတာ မှတ်ချက်လေးတွေ ရေးသား ပြောကြားပေး ခဲ့ကြပါအုံးနော်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *