အခြေခံ ပညာကျောင်းများက ကျောင်းမတက် သော်လ ည်း စာမေးပွဲ အအောင် ပေးမည်ဖြစ်၍ ကျောင်းအပ် စာရင်း ပြရ န် ကျောင်းသား မိဘများကို စည်းရုံးနေ

အခြေခံ ပညာကျောင်းများက ကျောင်းမတက် သော်လ ည်း စာမေးပွဲ အအောင် ပေးမည်ဖြစ်၍ ကျောင်းအပ် စာရင်း ပြရ န် ကျောင်းသား မိဘများကို စည်းရုံးနေ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အာဏာသိမ်း အဖွဲ့က အခြေခံ ပညာကျောင်းတစ်ချို့တစ်ဝက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်ခိုင်းထားရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)

ကျောက်မဲမြို့ရှိ အခြေခံ ပညာကျောင်းများက ကျောင်းသား ကျောင်း သူများအနေဖြင့် ကျောင်းမတက် သော် လည်း စာ မေးပွဲ အောင်မည် ဖြစ်၍ ကျောင်း အပ်စာရင်း ပြရန် ကျောင်းသား မိဘများကို စည်းရုံး နေကြောင်း သိရသည်။

ဆရာမက ခေါ်တွေ့လို့ သွားတွေ့ရတော့ ကလေးတွေကို ကျောင်း ဝတ်စုံ မဝတ်ပေးဘဲ ကျောင်းကို လာပို့ခိုင်းတယ်။

ကျောင်း အပ်စာရင်းထဲမှာ နာမည်ရှိဖို့က အဓိကပဲ ဆိုပြီး နှစ် ကုန်တာနဲ့ သူ့ဘာသူ တစ်တန်းအအောင်ပေးသွားမယ်လို့ပြောတယ်။ သဘောတူတယ်ဆို စာရွက်တစ်ရွက်ပေးပြီး လက်မှတ်ထိုးရတယ်။

ကျွန်မကတော့ ကလေးကို ကျောင်းမအပ်လို့ စာရွက်မရတော့ အဲဒီစာရွက်ထဲ ဘာရေးထားတယ် မဖတ် ရဘူး။ ရတဲ့သူတွေကလည်း သူများကိုပေးမဖတ်ဘဲ သူတို့ဘာသူတို့ လက် မှ တ်ထိုးပြီး ဆရာမကို ပြ န်ပေးရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက နိုဝင်ဘာလ (၂) ရက်နေ့တွင် ပြောသည်။

ကျောက်မဲမြို့ပေါ်ရှိ ကျောင်းများ အနက် အာ ဏာ သိ မ်း တ ပ် မိ သား စု မှ က လေးအများစုထားရာကျောင် းများတွင် ကျောင်း တ က် သူ များ သော် လည်း အ ခြား ကျောင်းများတွင် ကျောင်းတက် သူ နည်းပါးကြောင်း ဒေ သ ခံများထံမှ သိရသည်။

လက်ရှိ ပြန်ဖွင့် နေ သည့် ကျောင်း များ တွ င် လည်း ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများက အရပ်ဝတ်များဖြင့် သွားလာပြီး ကျောင်းဝတ်စုံကို ကျောင်းရောက်မှ လဲလှယ် ဝ တ်ဆင်ကြကြောင်း သိရသည်။

COVID 19 ထိန်းချုပ်ရေးအတွက် ယာ ယီ ပိ တ်ထားရသည့်ကျောင်းများကို အာ ဏာ သိ မ်းအဖွဲ့က အာ ဏာ သိ မ်း ပြီးသည်နှင့် ပြန် ဖွ င့်ခဲ့သော်လည်း COVID 19 တတိယ လှိုင်းဖြစ်လာ၍ ကျောင်းများ ပြန်ပိ တ်ခဲ့ရပြီးနောက် လက် ရှိတွင် COVID 19 ထိန်းချုပ်နိုင်သည်ဟုဆိုကာကျောင်းများပြန်ဖွင့်ရန် လုပ်ဆောင် လာသည်ကို တွေ့ရသည်။

လက်ရှိတွင် နိုင်ငံတဝန်း အာ ဏာ သိ မ်း မှု ကို ဆန့် ကျ င် နေ သည့် ပြည်သူများနှင့် အာ ဏာ သိ မ်း မှု ကို ဆန့် ကျင် သူများအား အ ကြ မ်း ဖ က် နှိ မ် နှ င်း ပြီး အာ ဏာ ဆ က် လ က် ရယူရန်ကြိုးစားနေသည့် အာ ဏာ သိ မ်း အ ဖွဲ့ တို့ကြား ပ ဋိ ပ က္ခ များကြောင့်လည်းကောင်း၊

COVID 19 ကာကွယ်ထိန်းချုပ် ရေး မ လု ပ်နိုင်သည့် အခြေ အ နေများကြောင့်လည်းကောင်း ကျောင်းသားမိဘများအနေဖြင့် မိမိတို့ကလေးများကို ကျောင်း ပို့ ရန် ဆ န္ဒ မ ရှိသူများရှိနေသည့်အပြင် အာ ဏာ သိ မ်းအ ဖွဲ့လက်အောက်တွင် ကျောင်းမအပ်လိုသူ၊ ကျောင်းမတက်လိုသူများလည်း ရှိနေခြင်းဖြစ်သည်။

စစ်တပ်က ပြည်သူရွေးကောက်သည့်အစိုးရအား ဖ မ်း ကာ နိုင်ငံ့ အာ ဏာ သိမ်း လို က် သည့် ဖေဖေါ်ဝါရီလမှစ၍ စစ်တပ်အောက် မနေလိုသည့်တပ်ဘက်၊ အရပ်ဘက် ဌာန အသီး သီးမှ ဝန်ထမ်းများက အာ ဏာ ဖီ ဆ န် ရေး CDM လုပ်ဆောင်ကြရာတွင် ပညာရေးဌာနမှ ဝန်ထမ်းများလည်း ပါဝင်လုပ်ဆောင်ထားကြခြင်းဖြစ်သည်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *