အချိန်ကာလ တစ်ခုကြောင့် ရှောင်တိမ်းနေရတဲ့ သူမရဲ့ လက်ရှိ အခြေအနေကို ပြောပြလာခဲ့တဲ့ သရုပ် ဆောင် ခေးဆက်သွင်

အချိန်ကာလ တစ်ခုကြောင့် ရှောင်တိမ်းနေရတဲ့ သူမရဲ့ လက်ရှိ အခြေအနေကို ပြောပြလာခဲ့တဲ့ သရုပ် ဆောင် ခေးဆက်သွင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ပြည်သူ အချစ် တော် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ခေးဆက်သွင်ဟာ ဇာတ်လမ်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့အထဲမှ အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲထဲက အမာညိုဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်ရိုက်ကူးရင်း ပရိတ်သတ်တွေရဲ့ရင်ထဲကို တိုးဝင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခေးဆက်သွင်ဟာ သွယ်လျှပပြီး အချိုးအစားပြေပြစ်လွန်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင် ဆိုင် ထားတာပဲဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး စကား ပြောပွင့်လင်းတဲ့ ခေးကိုဆိုရင် ပရိတ်သတ်တွေက သာမကပဲ အနုပညာမောင်နှစ်မတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ အပြည့် အဝရရှိထားတာပဲဖြစ်ပါတယ်။

ချို သာတဲ့ မျက်နှာ ထား ပိုင်ရှင်လေးခေးဆက်သွင်က Tik Tok တွေ ကစားရင်း ပရိတ်သတ်ကို နောက်ထပ် ပုံစံတစ်မျိုးနဲ့ဆွဲဆောင်နိုင်တဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။

သူမဟာ ခု လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အ ခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ အစပိုင်ကတည်းက ပြည်သူ လူထုနဲ့အတူ နေ့စဉ်နေ့တိုင် လမ်းပေါ်ထွက်ပြီး လွတ်လပ်စွာ ဆန္ဒဖော် ထုတ်ခဲ့တာပဲဖြစ်ပါတယ်။

လူထု လှုပ်ရှားမှုမှာ တတ်တတ်ကြွကြွပါဝင်ရင်း ဆန္ဒပြတဲ့ ပြည်သူတွေကို အစားအသောက်တွေကိုလည်း သူမ တတ်နိုင်သလောက် လှူဒါန်းခဲ့တာကို လေးစားစွာ တွေမြင်ခဲ့ရပါသေးတယ်။

ပြည်သူ လူထုနဲ့တစ်သား တည်း အမှန်တရား ဘက်က ရပ်တည်ခဲ့တဲ့ ခေးဆက်သွင်က ပီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပုဒ်မ ၅၀၅ (က)နဲ့ အရေးယူခံရတဲ့ စာရင်းထဲပါလာခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီလို အရေးယူခံရပေမယ့်လည်း ခေးက နောက်မဆုတ်ပဲ ဓမ္မဘက်ကနေ ဆက်လက်ရပ်တည် ခဲ့တာပဲဖြစ်ပါတယ်။အကြောင်း အမျိုးမျိုးကြောင့် ရှောင် တိမ်းနေရတဲ့ ခေးက လူမှုကွန်ယက်ကနေ ပရိတ်သတ်တွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့လို အဆက်အသွယ် ပြတ်သွားတဲ့အတွက် ပရိတ်သတ်တွေက ခေးဆက်သွင်ရဲ့ဘေးကင်း လုံခြုံမှုကို စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ သူမကို စိတ်ပူနေတဲ့ ပရိတ်သတ်တွေကို လူမှုကွန်ယက် စာမျက်နှာကနေ စိတ်မပူကြဖို့ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

ခေးက Internetမရတဲ့ နေရာမှာ ပုန်းအောင်းနေတာ (၁) လလောက်ရှိပါပြီ။ ဘေးကင်းနေပါသေးတယ်။ စိတ်မပူကြပါနဲ့နော်ဆိုပြီး သူမရဲ့လက်ရှိ အခြေအနေကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပို့စ်အောက်မှာလဲ သူမကို ချစ်တဲ့ ပရိတ်သတ်တွေက အစစ အရာရာဂရုစိုက်ဖို့ မှာထားတာကိုလည်း တွေရပါသေးတယ်။

ပရိတ်သတ်ကြီးကလည်း ခေးတစ်ယောက် ဘေးကင်း လုံခြုံစေဖို့အတွက် ဆုတောင်းပေးခဲ့ကြပါအုံးနော်။ အဆုံးထိ ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးပဲတင်ရှိပါတယ်။ Source ; Khay Sett Thwin Facebook Acc

Add a Comment

Your email address will not be published. Required fields are marked *