အချစ်စစ်သာဖြစ်ခဲ့ရင် ပြသာနာအားလုံးကို မမြင်နိုင်တဲ့ စွမ်းအားတွေရှိကြောင်း သက်သေပြလာခဲ့တဲ့ မသန်စွမ်း အဖိုးအိုလင်မယားနှစ်ဦးရဲ့ အဖြစ်

အချစ်စစ်သာဖြစ်ခဲ့ရင် ပြသာနာအားလုံးကို မမြင်နိုင်တဲ့ စွမ်းအားတွေရှိကြောင်း သက် သေပြလာခဲ့တဲ့ မသန်စွမ်း အဖိုးအိုလင် မယားနှစ်ဦးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့်အကြောင်းလေးကတော့ ထိမ်းမြား မင်္ဂလာပြုချိန်မှာ လူနှစ်ဦးက ကောင်း ကောင်းဆိုးဆိုး အတူအမြဲရှိကြဖို့ ကတိသစ္စာပြုလေ့ရှိပါတယ်။

ဆိုလိုတာက တစ်ဦး နာမကျန်းဖြစ်နေချိန် အတိဒုက္ခရောက်နေချိန်မှာ စွန့်ခွာမသွားပဲ လိုအပ်ချက်တွေဖြည့်စွမ်းရင်း ဖေးမပေးသွားဖို့ပဲဖြစ်ပါတယ်။

ကြုံတွေ့ရတဲ့ အခက်အခဲက ဘယ်လောက်ပဲကြီးမားနေပါစေ အချစ် စစ်သာဖြစ်ခဲ့ရင် ပြဿနာအားလုံးကို ဖြေရှင်းဖို့ စွမ်းအားထွက်လာတာကို အခုတွေ့ရမယ့် အဖြစ် အပျက်လေးက သက်သေခံနေပါတယ်။

ဓာတ်ပုံထဲမှာတွေ့ရတဲ့ စုံတွဲဟာ တရုတ်နိုင်ငံက အဖိုးနဲ့အဖွား လင်မယားနှစ်ယောက်ပဲ ဖြစ်ပါတယ်။

အဖိုးက မျက်စိမမြင်သလို အဖွားကလည်း လမ်းမလျှောက်နိုင်ရှာပါဘူး။ ခြေထောက်မသန်တဲ့ အဖွားကို အဖိုးက သူ့နောက်ကျောမှာ ခြင်းတောင်းကြီး တစ်လုံးထဲထည့်ပြီး သွားလေရာခေါ် သွားလေ့ရှိပါတယ်။

အဖိုးရဲ့ ခြေထောက်အစုံက အဖွားအတွက် ဖြစ်စေပြီး အဖွားရဲ့ မျက်လုံးအစုံက အဖိုးအတွက်ဖြစ်စေကာ နေ့တစ်ဓူဝကိစ္စတွေကို လုပ်ကိုင်နေခဲ့ကြတာပါ။

၎င်း စံပြစုံတွဲကတော့ ချုံကျင်းမြို့ ယုန်အန်းကျေးရွာမှာနေထိုင်ကြတဲ့ ချောင်ရှုကိုင်နဲ့ ဇနီးဖြစ်သူ ဆုဟူဘီတို့ဖြစ်ကြပါတယ်။ သာမန် လူတစ်ယောက်အနေနဲ့ အခုလို အဖြစ် အပျက်မျိုး ကြုံလာခဲ့ရင် အလွယ်တကူနဲ့ စိတ်ပျက်ပြီး စွန့်လွှတ်သွားကြမှာပါ။

သို့ပေမယ့် အတုယူစရာ ၎င်း စုံတွဲကတော့ ကိုယ်စီမှာ ချို့ယွင်းချက်တွေ ရှိနေပေမယ့်လည်း တစ်ယောက်ကို တစ်ယောက် အပြန် အလှန် ကူညီရင်း အလုပ်လုပ်နေကြတာကို အံ့သြဖွယ် မြင်တွေ့ရပါတယ်။

(၁၉၈၈) ခုနှစ်မှာ အဖွားဆုက အရိုး ပျော့ရောဂါကြောင့် လမ်းမလျှောက်နိုင်တော့ပဲ ဖြစ်ခဲ့တဲ့ အချိန်မှာ အဖိုးချောင်ကလည်း မျက်စိအမြင် အာရုံ ဆုံးရှုံးလာခဲ့ရပါတယ်။

ဆယ်စုနှစ် (၃) စုလုံးလုံး အဖိုးချောင်က အဖွားကို ခြင်းတောင်းကြီးထဲ ထည့်ပြီး ခေါ်သွားသလို အဖွားဆုကလည်း မျက်မမြင်အဖိုး ခလုတ်မတိုက်မိအောင် ခြေချော်လဲ မကျအောင်လို့ စောင့်ရှောက်ပေးပါတယ်။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို အမှန်တကယ်ပဲ စိတ်ထဲခံစားလာမိစေတဲ့ အဖိုးနဲ့ အဖွားတို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို နှစ်သက်သဘောကျမယ်လို့ ထင်ပါတယ်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *