အခေါက်ရွှေ တကျပ်သား ၁၆ သိန်း ၃ သောင်းကျော်အထိ မြင့်တက်နေသော်လည်း ဝယ်သူများပြား

အခေါက်ရွှေ တကျပ်သား ၁၆ သိန်း ၃ သောင်းကျော်အထိ မြင့်တက်နေသော်လည်း ဝယ်သူများပြား

ပြည်တွင်း ငွေဈေးကွက် အကျပ်တည်း ကြောင့် ရွှေဝယ်စုသူ များပြား လျှက်ရှိရာ ရန်ကုန်မြို့ တွ င် အ ခေါက်ရွှေ ၁၆ ပဲရည် တကျပ်သားလျှင် ငွေကျ ပ် ၁,၆၃၂,၀၀၀ ကျပ်ထိ မြင့်တက်နေ သော်လည်း ဝယ် ယူသူ များပြား လျှက်ရှိ ကြောင်း ရန် ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များ အသင်းမှ သိရသ ည်။

ရန်ကုန် တိုင်း ရွှေလုပ်ငန်းရှင် များအသင်း အထွေထွေ အ တွင်းရေးမှူး ဦးဝင်းမြင့်က “ရွှေဈေးကတော့ အ တက်ပဲ ရှိနေတယ်။ အခု လက်ရှိကို ၁,၆၃၂,၀၀၀ ပေါ့။ ဆိုင်ကြီး တွေမှာ အများပြည်သူက ဝယ်တာ ၁ ကျပ်သား၊ ၂ ကျပ်သား အဲလို မျိုးတွေတော့ ဝယ်ကြတာ များတယ်။

မီးလင်းရွှေ ဈေးကွက် မှာတော့ အဝယ် ရောင်းမျှတယ်” ဟု ရန်ကုန် ခေတ်သစ် သတင်းဌာ နသို့ ပြောဆို ထားသည်။

လက်ရှိ အနေအ ထားတွင် ပြည် သူများမှာ ငွေသားရှားပါး ခြင်းကို ကြုံတွေ့နေရပြီး အပ်ငွေများကို ဘဏ်များက လုံးဝ ထုတ်မပေး နိုင်တော့မည် အခြေအနေကို ရောက်ရှိမည့် အရေးကို လည်း ပူပန်နေ ကြရသည့် အတွက် ရွှေနှင့် ဒေါ်လာ ဈေးကွက် တွင် ရင်းနှီးမြုပ် နှံမှုများပြုလုပ်လျှက် ရှိနေသည်။

မေလ (၁၁) ရက်နေ့ မနက်ပိုင်း မှနေ့လည်ပိုင်း အရောက် တစ်နာရီခွဲသာ ခြား၍ ရွှေဈေး ၁၆၀၀၀ ထက်မံခုန်တက်ကြောင်းသိရသည်။

နေ့လယ်ပိုင်း (1:33)PMအရအကယ်ဒမီ မီးလင်းရွှေဈေး 1,638,000 (တစ်ဆယ့် ခြောက်သိန်း သုံးသောင်း ရှစ်ထော င်) ကမ္ဘာ့ရွှေဈေး (World Gold Price) 1 Once – 1834 USD ဖြစ်ကြောင်းသိရသည်။

မနက်ပိုင်း (11:45) PMအကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေး 1,620,00(တစ်ဆယ့် ခြောက်သိန်း နှစ်သောင်း) ကျော်ရှိပြီးတော့ ကမ္ဘာ့ရွှေဈေး (World Gold Price) 1 Once- 1837 USDရှိခဲ့သည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *