အခု လျှောက်နေတဲ့ လမ်းကနေ ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ ပြတ်သားစွာပြောလာခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်

အခုလျှောက်နေတဲ့ လမ်းကနေ ဘယ်တော့မှ နောက် ပြန်လှည့်မှာ မဟုတ်ဘူးလို့ ပြတ်သားစွာပြောလာခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကိုပေါက်ရဲ့ တော် လှန်ရေးနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံ းဖြတ်ချက် စာလေး တစ်စောင်ကို ဝေမျှပေး လိုက်ပါတယ်။

မြန်မာနိုင်ငံကို အသက်မရှိတဲ့ ရွှေ့ပြောင်းလို့ မရတဲ့ မြေကြီးတစ်ခုလို မမြင်ဘဲ သက်ရှိ လူသား တစ်ယောက်လို အစားထိုး ခံစားကြည့်စမ်းပါ။

တော်တော် သနားဖို့ ကောင်းတယ်။ ရင်နာစရာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရပါတယ်။ နှစ်ပေါင်း ၇၀ ကျော် အနိုင်ကျင့် နှိပ်စက်တာကို ခံခဲ့ရတယ်။

အခုလဲ ခံနေရတုန်းပဲ။ သူ့ရဲ့ နာ ကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ကျနော်တို့ရဲ့ အသက် သွေးချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်။

ဒါဟာ သမိုင်းပေး တာဝန်တစ်ခု ဖြစ်တယ်။ ဒီ တာဝန်ကို ဘယ်သူကမှ ပေးတာ မဟုတ်ဘူး။ ကျနော်တို့တွေ ကိုယ့်အသိစိတ်နဲ့ ကိုယ် လိပ်ပြာ လုံလုံနဲ့ ပေးဆပ်ရင်း ကိုယ့် သမိုင်းကိုယ် ရေးကြရမယ်။

အခု ကျနော် လျှောက်နေတဲ့ လမ်းကနေ ဘယ်တော့မှ နောက် ပြန်လှည့်လာမှာလဲ မဟုတ်ဘူး။ အရင်က သက်တောင့်သက်သာ ဘဝတွေထက် ခက်ခဲမယ်ဆိုတာ သိပါတယ်။

သိသိနဲ့ ရွေးခဲ့တဲ့ ခရီးအတွက် ဘယ်လို အကြောင် းအရာမျိုးကိုမှ မငြီးညူခဲ့ပါဘူး။ ဒုက္ခထဲမှာ ကျနော် ပျော်ပါတယ်။

အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ ကလေးတွေက အများကြီးပါ။ ကျနော်တို့ ဒုက္ခက သူတို့တွေ ရင်ဆိုင်နေရတာထက် အများကြီး သာပါသေးတယ်။

မြန်မာပြည်အနှံ့က လူငယ်တွေ တော်လှန်ရေး ရဲဘော်တွေကို စာနာပေးပါ။ ကူညီပေးပါ။ ထောက် ပံ့ပေးကြပါ။ နောက်ဆုံး မေ တ္တာပေးပါ။

ကိုပေါက် ၂၉.၈. ၂၀၂၁ ( မြန်မာပြည် အစွန် အဖျားတစ်နေရာ )” ဆိုပြီး သူရဲ့ခံစားချက်တွေကို ဖွင့်ဟ ပြောဆို ထားတာပဲ ဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *