အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့ အပြောခံနေရတဲ့ သရုပ်ဆောင် ခန့်စည်သူ

အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့ အပြောခံနေရတဲ့ သရုပ်ဆောင် ခန့်စည်သူ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ခန့်စည်သူကိုတော့ ပရိတ်သတ်တွေက ဒီအရေးတော်ပုံ ကာလမှာ အနုပညာရှင် တစ်ယောက်အနေနဲ့ ဘာမှ ဝင်မပါခဲ့တာကြောင့် ဝေဖန်ခဲ့ကြပါတယ်။

လက်တလောမှာတော့ သရုပ်ဆောင် ခန့်စည်သူဟာ အရေးတော်ပုံမှာ ကျဆုံးသွားခဲ့သူများနဲ့ ထိခိုက်ဒဏ်ရာရသူတို့ကို ကိုယ်တိုင် သွားရောက် လှူဒါန်းဖြစ်ခဲ့ကြောင်း သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ပရိတ်သတ်တွေကတော့ ဖေဖော်ဝါရီ တစ်လလုံး ပျောက်နေခဲ့တဲ့ ခန့်စည်သူကို မကျေနပ်ကြပါဘူး။ အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့လဲ အကုန်လုံးက ဝိုင်းပြောခဲ့ပါတယ်။

ခန့်စည်သူဟာ စစ်တပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ယောက် ဖြစ်တာကြောင့်လဲ အခုလို ပြောဆိုကြတာ ဖြစ်နိုင်ပါတယ်။ ခန့်စည်သူ နည်းတူ စိုင်းစိုင်းခမ်းလှိုင်ကလဲ အပြင်း အထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ခန့်စည်သူက ကျဆုံး သွားခဲ့သူများနဲ့ထိခိုက်ဒဏ်ရာ ရသူတို့ကို အောက်ပါအတိုင်း အလှူငွေ (၃) သိန်းကျပ်စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

-ကိုဟိန်းထွဋ်အောင် (တ/ဒဂုံ) ကိုဟိန်းထွဋ်အောင် အတွက်ရည်စူး၍ သင်္ကန်း နာရေး အကူ အလှူငွေ (၃) သိန်းနှင့်ကျန်ရစ်သူ မိသားစုအတွက် ဆန် ဆီနှင့်ပုဆိုးများ လုံခြည်များကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။

-ကိုဖိုးချစ် (မ/ဒဂုံ) ကိုဖိုးချစ်အတွက် ရည်စူး၍ သင်္ကန်းခြင်း၊ နာရေးအကူ အလှူငွေ (၃) သိန်းနှင့် ၎င်း၏ ဇနီး မသဲစုအတွက် နားကပ်လေး တစ်ရံကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။

-ကိုဇွဲထက်စိုး (မ/ဒဂုံ) ကိုဇွဲထက်စိုးအတွက် ရည်စူး၍ သင်္ကန်းခြင်း နာရေးအကူ အလှူငွေ (၃) သိန်းနှင့် ၎င်း၏ ဇနီး မသက်ထားအတွက် နားကပ်လေး တစ်ရံ ချစ်စရာကောင်းတဲ့ သမီးလေး ရွှေရုပ်လွှာအတွက်လည်း လက်စွပ်လေး တစ်ကွင်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

(မိသားစုများနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ ကောင်းရာသုဂတိလားကြပါစေ လို့မေတ္တာပို့ အမျှဝေ ဆုတောင်းပေးခဲ့ပါတယ်။)

-ကိုမင်းသူရ (မ/ဒဂုံ) မျက်စိ တစ်ဖက် ထိခိုက်ပျက်စီးသွားတဲ့အတွက် ဆေးရုံက မဆင်းနိုင်သေးပါဘူး။ ကိုမင်းသူရအတွက် ဆေးကုသစားရိတ် အလှူငွေ (၂) သိန်းနှင့် ပုဆိုးများ၊တရားစာအုပ်များ၊ ၎င်း၏ မိခင်ကြီးအတွက် မောင်းကွင်းရွှေ လက် စွပ်လေး တစ်ကွင်း ကန်တော့ခဲ့ပါတယ်။

အမြန်ဆုံး သက်သာ ပျောက်ကင်းပြီး မိဘကို အလုပ် အကျွေးပြုနိုင်တဲ့ သားကောင်းရတနာဖြစ်ပါစေ။ ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအားလုံးလည်း သရုပ်ဆောင် ခန့်စည်သူအပေါ် ဝေ ဖန်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ Credit

Add a Comment

Your email address will not be published. Required fields are marked *