အခုချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ ဝါရင့်မင်းသမီးကြီး စိုးမြတ်သူဇာ ဘဝရဲ့အကြောင်း

အခုချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ ဝါရင့်မင်းသမီးကြီး စိုးမြတ်သူဇာ ဘဝရဲ့အကြောင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ စိုးမြတ်သူဇာကတော့ ယနေ့အချိန်အထိ အနုပညာလောကထဲမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်နေဆဲဖြစ်တဲ့ ဝါရင့်မင်းသမီးကြီးတစ်ဦးပဲဖြစ်ပါတယ်။

သူမကိုတော့ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ ဗိုလ်မှူးကြီး ဦးစိုးမြင့်၊ ‌ဒေါ်ကြည်ကြည်ခင်တို့မှ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၄ ယောက်ရှိပြီး သူမကတော့ အကြီးဆုံးသမီးဖြစ်ပါတယ်။

ညီမတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ တို့ဟာလည်း အောင်မြင်တဲ့ အနုအညာရှင်တွေပဲဖြစ်ကြပါတယ်။

သူမ အသက် ၁၆ နှစ်အရွယ်မှာတော့ မင်းသားရန်အောင်ဟာ အိမ်တစ်အိမ်ကို အလည်သွားရင်းနဲ့ သူမကို မတော်တဆတွေ့ဆုံခဲ့ရာကနေ အနုပညာလောကထဲကို ဝင်ရောက်ဖို့ အကြောင်းပါခဲ့ပါတယ်။

ရန်အောင်ရဲ့ နာမည်ကြီးတေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ချစ်တယ် မီးရယ် ဆိုတဲ့သီချင်းမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး အနုပညာခရီးလမ်းကို စတင်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ၁၉၈၀ ဝန်းကျင်ကာလတွေမှာ အမျိုးသားအဆိုတော်တွေရဲ့ တေးသီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့ပါတယ်။

၈ နှစ်အကြာ ၁၉၈၈ ခုနှစ်မှာတော့ ပထမအကြိမ် ဇာတ်ကားရိုက်ကူးမှုအနေနဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ် လမ်းတစ်ပုဒ်ဖြစ်တဲ့ “ဆုံရပ်ကန္တာရဝတီ” ဆိုတဲ့ ပါဝင်ခွင့်ရခဲ့ပြီး Screen Time အနည်းငယ် ရရှိခဲ့ပါတယ်။ သူမကို စိုးမြတ်သူဇာရယ်လို့ ပရိသတ်တွေ သိရှိလာစေတဲ့ ဇာတ်ကားကတော့ ၁၉၈၉ ခုနှစ်မှာ ကျော်သူ၊ မေဆွိတို့နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “တစ်ခါက” ဆိုတဲ့ ဗီဒီယိုဇာတ်ကားပဲဖြစ်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင် ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားခဲ့ပြီး အထူးသဖြင့် သူမအတွက် လူငယ်ပရိသတ် အခိုင်အမာ ရရှိစေခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ပထမဆုံးရုပ်ရှင်ကားကြီးအဖြစ် နေ ခြည် ဆိုတဲ့ဇာတ်ကားမှာ ကျော်သူ၊‌ မေဆွိ တို့နဲ့အတူ ဒုတိယနေရာက ပါဝင်ခွင့်ရခဲ့ပါတယ်။

ဆက်လက်ပြီး ရုပ်ရှင်ကားကြီးတွေမှာ ဒုတိယနေရာက ပါဝင်ခဲ့ရာကနေ အမျိုးသားပရိသတ်တွေရဲ့ ဝန်းရံမှုတွေနဲ့အတူ အောင်မြင်ကျော်ကြားလာခဲ့ပါတော့တယ်။

အထူးသဖြင့် ထိုခေတ်ထိုအခါက အနောက်တိုင်းဆန်တဲ့ အလှတွေကြားထဲမှာ မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ အလှပိုင်ရှင် သူမဟာ အတော်လေး‌ရေပန်းစားခဲ့ပါတယ်။

ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၉၃ ခုနှစ်မှာ မင်းသားစိုးသူနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ အချစ်တို့ကိုပေးနော် ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သူမအသက် ၂၃ နှစ်အရွယ်၊ ၁၉၉၄ ခုနှစ်မှာတော့ “နော်ရင်မွေး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ တူမဖြစ်သူကို သမီးအဖြစ်မွေးစားခဲ့ပြီး မိမိရဲ့အချစ်ကိုပင် စတေးကာ ကလေးအပေါ်မှာ မေတ္တာတရားကြီးမားလှတဲ့ ကရင်လူမျိုး သူနာပြုဆရာမလေးအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သူမဟာ ရုပ်ရှင်နဲ့ ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။

ဒုတိယမြောက်အကယ်ဒမီဆုကိုတော့ အတ္တကြီးလှတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရွှေနံ့သာစံအိမ် ဇာတ်ကားနဲ့ ၁၉၉၈ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

ဒုတိယမြောက် အကယ်ဒမီရပြီးနောက်ပိုင်းမှာတော့ လုပ်ငန်းရှင်တစ်ဦးနဲ့လက်ထပ်ပြီး အနုပညာအလုပ်တွေကို ရပ်နားကာ ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကမှာ အခြေချခဲ့ပါတယ်။

သူမဟာ စာရေးဆရာမ တစ်ဦးအဖြစ်နဲ့ စာအုပ် ၆ အုပ်အထိ ရေးသားထုတ်ဝေခဲ့ပါတယ်။ သူမရေးသားခဲ့တဲ့ စာအုပ်တွေကတော့ အချစ်စစ်စစ်များ၊ မောင့်အတွက်၊ ယုံကြည်၍ ခံစားရသည် ခံစားရ၍ ယုံကြည်သည်၊ ချစ်မိတဲ့အခါ၊ အနားသတ်သစ္စာနဲ့ Feeling 35 တို့ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူမဟာ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေဆဲဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေမှာလည်း အရေးပါတဲ့နေရာတွေမှာ ပါဝင်နေရဆဲဖြစ်ပါတယ်။

ဒါ့အပြင် အခြားစီးပွားရေးလုပ်ငန်းအနေနဲ့ သူမတို့ညီအစ်မတွေ စုပေါင်းပြီး မင်းသမီးပိုးထည်တိုက်ကို အမှတ် ၃၉၊ အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်ဦ ရန်ကုန်မြို့မှာဖွင့်လှစ်ထားပါတယ်။

ထူးခြားချက်အနေနဲ့ သူမဟာ Mobile Lengend Player တစ်ယောက်ဖြစ်ပြီး Streaming တွေလုပ်သွားဖို့ ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *